Third

220 44 13
                                    

နှလုံးသား​တွေ ​နွေး​ထွေး​နေရင်
ဒါဟာလည်း အိမ်

(၁)

"အခုတ​လော ဘယ်လို​နေလဲ။"

Chenle အ​ရှေ့မှာ ရှိ​နေတဲ့ စိတ်ပိုင်းဆိုင်ရာ ကုထုံးဆရာဝန်ရဲ့ အ​မေးစကားပါ။ နှစ်နှစ်​တောင် အိပ်​ပျော်သွားပြီးတဲ့​နောက် ပြန်ထူ​ထောင်ရမှာက ကိုယ်​ရော စိတ်​ရော​လေ။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြန်လည်ထူ​ထောင်​ရေးအတွက် ဆရာဝန်တစ်​ယောက်၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူ​ထောင်​ရေးအတွက် ဆရာဝန်တစ်​ယောက်နဲ့ အခုတ​လော ဆရာဝန်နှစ်​ယောက်​ပေးတဲ့ ​လေ့ကျင့်ခန်း​တွေကြားမှာ ပြန်လည်မထူ​ထောင်နိုင်ဘဲ ဘဝကြီး စုန်းစုန်းမြုပ်ရပြီလို့ သူက ထင်​နေမိ​တော့တာပဲ။

​​ကျောင်းသား​တွေက အိမ်စာကို မုန်းသလို ကိုမာက နိုးလာတဲ့လူက ​လေ့ကျင့်ခန်း​တွေကို မုန်းတာဆန်းသလား။

"​ပြေပါတယ် ဆရာ။"

"ငါက ဘာလဲ။ ငါဆိုတာ ဘယ်အထဲမှာ ရှိ​နေတာလဲ။ ငါဆိုတာ ငါအစစ်​ရော ဟုတ်ရဲ့လား။ ငါက ငါ့ကို ဘယ်လိုရှာရမှာလဲလို့ ပြီးခဲ့တဲ့ အပတ်က ​မေးတယ်​နော်။ ဆရာက မ​ဖြေခဲ့ဘူး။ ငါ့သားကို ကိုယ်တိုင်ရှာ​တွေ့​စေချင်လို့​လေ။ အခု​ရော ​တွေ့ပြီလား အ​ဖြေကို။"

"မ​တွေ့ပါဘူးဆရာ။ ဒါ​ပေမယ့် ကျွန်​တော့်မှာ အဲ့​မေးခွန်း​တွေ မရှိ​တော့ဘူး။"

​နောက်ထပ်စကားလုံး​တွေ လည်​ချောင်းထဲမှာ ဆန်တက်လာ​ပေမယ့် ပြန်မျိုချလိုက်တယ်။ အခုတင် ​ပြောလိုက်တဲ့ စကား​တွေက မဟုတ်သလိုပဲ။ မျက်စိ​တွေကို မှိတ်ပစ်လိုက်တယ်။ အ​မှောင်ဖုံး​နေတဲ့ မြင်ကွင်း​တွေကြားမှာ ​လေနု​အေးကို ရှာတယ်။ အဆုတ်ထဲထိ ​ရောက်​အောင် ရှူသွင်းလိုက်တယ်။

တစ်ခုခုက​တော့ မှား​နေတယ်။ ဘာက မှားမှန်းပဲ မသိ​သေးတာ။ ဘယ်ဘက်လက်မက လက်သည်းခွံ​လေးကို ညာဘက်လက်မက လက်သည်းခွံ​လေးနဲ့ ကုတ်ခြစ်မိပြန်တယ်။ ​ခြေ​ချောင်း​လေး​တွေ အချင်းချင်းပွတ်သပ်တယ်။

 𝙏𝙝𝙚 𝙁𝙞𝙛𝙩𝙝 𝙎𝙪𝙢𝙢𝙚𝙧 𝙒𝙚 𝙈𝙚𝙚𝙩【ᴀ ɴᴄᴛ's ᴄʜᴇɴᴊɪ ғᴀɴғɪᴄᴛɪᴏɴ】Onde histórias criam vida. Descubra agora