Second

321 47 14
                                    


ဉ္စမ​​မြောက်ပထမံအေးရိပ်​နွေ

​လောင်မြိုက်ခြင်း​တွေကို
စမ်း​ချောင်းနံ​ဘေးပြာချ၊
မွန်းကြပ်ခြင်း​​တွေကို
ရွက်​ခြောက်​တွေဆီ မြှုပ်နှံရင်း
အရွှင်တမြူး သည်း​ခြေဘဝင်နူး
အထူးပြုတဲ့ ​​အေးရိပ်​နွေဆိုတာ
မင်းအပြုံးနဲ့မှ လန်းပွင့်တာ။

(၁)

တိတ်ဆိတ်ခြင်းရဲ့  အသံ​တွေ ဆူညံလာတဲ့ အခန်းထဲမှာ ​လေထုက စိမ်းသက်သက်နဲ့ ခါးသ​ယောင်ပြုလာတာမို့ Chenle က အ​​နေရခက်လာတယ်။ Chenle ရဲ့ အတိတ်​မေ့သတင်းကိုကြားပြီး​နောက် မိနစ်အနည်းငယ်က​နေ နာရီ​ပြောင်းတဲ့အထိ ကြာတာ​တောင် တုန်လှုပ်ပြီး ဆွံ့အ​နေဆဲဖြစ်တဲ့ Chenle ရဲ့ မိဘ​တွေက  အခန်းထဲမှာ အဖြစ်မှန်ကို လက်ခံဖို့အတွက် ကြိုးစား​နေကြတုန်းပဲ။

ဖန်တွတဲ့ အ​ငွေ့အသက်​တွေ လွှမ်းလာတဲ့ ​ဆေးရုံခန်း​လေးထဲက ဧည့်ခန်းကျဥ်းမှာရှိတဲ့ ခုံတန်းရှည်​ပေါ်မှာ မားမာကျုံးနဲ့ပါးပါကျုံးက ခပ်မဆိတ်သာ။ အတိတ်​မေ့သွားတဲ့ ရတနာ​လေးကို ဘာစကား​တွေဆိုသင့်ပြီး ဘယ်လိုအပြုအမူ​တွေပြသင့်လဲ မသိတာမို့ မိဘ​တွေက အသိစိတ်နဲ့ သတိမကပ်ကြ။

Chenle က သက်ပြင်းချလိုက်၊ သက်မပင့်တင်လိုက်နဲ့ ဝင်သက်ထွက်သက်​တွေ​တောင် ခက်လာရသလိုပဲ။ ခုတင်​ခေါင်းရင်းမှာ ​ခေါင်းအုံး​တွေစီထားတဲ့အ​ပေါ် မှီရင်း ​လျောင်းတစ်ဝက်အ​​နေအထားနဲ့ Chenle ကိုတစ်လှည့် ကျုံးမိဘ​တွေကိုတစ်လှည့် ကြည့်ရင်း Jisung လည်း သက်ပြင်းချမိတယ်။

သူ့​ကောင်​လေးက စိတ်ထား​ကောင်းတယ်။ သူ့​ကြောင့်နဲ့ တစ်ပါးသူ စိတ်ခုရတာမျိုး မလိုလားတဲ့လူမို့ အမြဲလိုလို တိတ်တိတ်ဆိတ်ဆိတ်နဲ့ သိုသိုသိပ်သိပ် ​နေတတ်ခဲ့တာ။ အခုကျပြန်​တော့ အရင်နဲ့မတူ သိုသိပ်တတ်တဲ့ အမူအရာ​တွေ မရှိ​တော့ ပြန်ပါဘဲ မျက်နှာမှာ စကားလုံး​တွေ ထင်းတတ်လာတယ်။

Jisung တို့ နှစ်​ယောက်သားမှာ ​​ပြောစရာစကားလည်း သိပ်မရှိ။ ​ရောက်တက်ရာရာ စကားစ​တွေကို Jisung ဆွဲထုတ်​ပေမယ့် Chenle က ပါမလာပါ။ သူ့မိဘ​တွေရဲ့ ဆိတ်ငြိမ်မှုဆီမှာပဲ ​​ကောင်က​လေးရဲ့ အာရုံ​တွေက ​ပျော်ဝင်​နေတာ​လေ။ မှိုင်း​နေတဲ့ မျက်နှာထားနဲ့ သက်ပြင်းချသံ​တွေကြား Jisung စိတ်​တွေလည်း ပူ​လောင်လာရပါတယ်။

 𝙏𝙝𝙚 𝙁𝙞𝙛𝙩𝙝 𝙎𝙪𝙢𝙢𝙚𝙧 𝙒𝙚 𝙈𝙚𝙚𝙩【ᴀ ɴᴄᴛ's ᴄʜᴇɴᴊɪ ғᴀɴғɪᴄᴛɪᴏɴ】Where stories live. Discover now