🍀6.Clover

3.5K 527 23
                                    

Unicode

အချိန်အတော်ကြာ စာရေးပြီးတော့ နာရီကြည့်လိုက်တော့ ညနေ‌တောင်စောင်းပြီ။ ထယ့်ကိုတောင် နေ့လည်ဆေး မတိုက်လိုက်ရဘူး။

ဈာန်ဝင်သွားရင် အရာအားလုံးကို မေးသွားတတ်တာ ကောင်းတဲ့အကျင့် မဟုတ်မှန်းသိပါရဲ့နဲ့ မပြင်နိုင်ပြန်ဘူး။

ဟိုကောင်လေး ဒီအချိန်အထိ အိပ်နေတာတော့ မဟုတ်လောက်ပါဘူးနော် လို့တွေးကာဖြင့် ထယ့်အခန်းရှေ့ကို ရောက်လာခဲ့သည်။

တံခါးခေါက်လိုက်တော့ ဝင်ခဲ့ဆိုသည့် အသံလေးကြောင့် ဖွင့်ကာပင် ဝင်လာခဲ့တော့ မှန်ရှေ့မှာရပ်ကာဖြင့် သေချာပြင်ဆင်နေသော ထယ်။ ကြည့်ရတာ ဆိုင်ကိုသွားတော့မယ်ပုံပဲ။

' လက်ကသက်သာပြီလား '

' နည်းနည်းတော့ နာနေသေးတယ် '

အင်္ကျီကိုလည်း ကိုယ်တိုင်ဝတ်နေပုံထောက်ရင် လက်က အဆင်ပြေနေပုံရသည်ကြောင့် မေးလိုက်တော့ မှန်ရှေ့မှာထိုင်ကာဖြင့် ခေါင်းဖြီးဖို့ ပြင်နေသည့် ထယ်။

' ငါလုပ်ပေးမယ် '

ထယ့်လက်ထဲက ဘီးကိုယူကာဖြင့် ဆံနွယ်ပျော့ပျော့လေးတွေကို သေချာဖြီးပေးမိသည်။

အပြာရင့်ရောင်ဖဲသား ရှပ်လက်ရှည်ကို အနက်ရောင်ဘောင်းဘီရှည်နဲ့ ဝတ်ဆင်ထားသည့် ထယ်။

အပေါ်ကြယ်သီး တစ်လုံးလောက်ကို ဖြုတ်ထားသည်ကြောင့် လည်ပင်းသားဖွေးဖွေးကို မြင်နေရယုံတင်မကပဲ ရင်ဘတ်ကိုပါ မြင်နေရသေးသည်။ ဒီပုံစံနဲ့ဆို ထယ့်ကို ဟိုကောင်နဲ့ ကျနော်လုံးဝစိတ်မချပါ။

' ဆိုင်သွားတော့မလို့လား '

' အင်း '

' ငါရောလိုက်မယ် '

' လိုက်ချင်လိုက်လေ ငါခဏနေသွားတော့မှာ '

' ခဏစောင့် အပေါ်ဖုံးအင်္ကျီဝတ်ပြီး ထွက်ခဲ့မယ် '

ထယ်ကခေါင်းညှိတ်သည်မို့ ကျနော်အခန်းပြင်ကို ထွက်ကာဖြင့် ဗီရိုထဲက မိုးပြာရောင်အပေါ်ဖုံး ရှပ်တစ်ထည် ယူကာဖြင့် ကောက်ဝတ်လိုက်သည်။

' အာ..နမ်ကလဲ။ အခုလာတော့မှာပါ '

ထယ့်အသံကြားသည်မို့ ကြည့်လိုက်တော့ ဆိုဖာပေါ်မှာ ထိုင်ကာဖြင့် ကင်နမ်ဆိုသည့် ကောင်နဲ့ဖုန်းပြောနေပုံပဲ။

CLOVER - Volume.1 {Completed}Wo Geschichten leben. Entdecke jetzt