CHAPTER 64 - I Will

11.2K 1.9K 116
                                    

Unicode

သူ့အသံကခံစားချက်ကင်းမဲ့နေပီး စကားလုံးတွေကအေးစက်တယ်။

သူကထူးထူးခြားခြားထိတ်လန့်စရာကောင်းနေတဲ့သွင်ပြင်မဟုတ်ပေမဲ့လဲ သူ့ရဲ့အေးစက်မှုန်မှိုင်းနေတဲ့အသံက ဟွာဟန်အတွက်တော့ဒီမြင်ကွင်းကိုမြင်နေရတာကအတော်လေးလန့်စရာကောင်းတယ်။

စန်းကျုံးကကောင်ဆိုးလေးတွေကခနလောက်ကြောင်ရပ်နေပီး ရုတ်တရပ်သူတို့တွေက one-one fight ရမှာမဟုတ်မှန်းနားလည်သွားတယ်။

သူတို့တွေက group လိုက်ချရအောင်ရောက်လာတာပဲ။

အစတုန်းကရည်ရွယ်ချက်ကဟေးဖျီနဲ့ချရမှာဆိုပေမဲ့ အခုတော့ သွမ့်ကျားရန်ဆီကိုဦးတည်ချက်ပြောင်းသွားတယ်။ သွမ့်ကျားရန်ကရိကျုံးကလူဖြစ်ပီးတော့ ဟွာဟန်ကိုလဲအောင်ချထားတော့သေချာပေါက်သူကရန်သူပဲ။

ဟွာဟန်နဲ့ရင်းနှီးတဲ့ကောင်လေး​တချို့ကချဖို့မစောင့်နိုင်တော့ဘူး။ ​ဘယ်သူကအရင်စအော်ပီး သွမ့်ကျားရန်ဆီကိုပြေး​လာလဲတော့မသိဘူး။

သွမ့်ကျားရန်ကဟွာဟန်ကိုပြင်းပြင်းထန်ထန်ရိုက်ပီးသွားတော့ သူ့ဒေါသတွေလဲပြေသွားပီ။ သူကရှောင်လိုက်ပီး သူတို့နဲ့ထပ်ချဖို့စိတ်ကူးမရှိဘူး။

ဒါပေမဲ့တစ်ဖက်ကအတွေးတွေကသူနဲ့လုံးဝခြားနားတယ်။ သူဖရိုဖရဲဖြစ်နေချိန်မှာ ဟွာဟန်ကမြေကြီးပေါ်ကနေကုန်းထလာပီး အသက်ရှူမဝသလိုပုံပေါ်နေတယ်။ဟေးဖျီကဟွာဟန်ဆီကနေအလင်းတစ်ချက်လက်သွားတာကိုမြင်လိုက်တဲ့အခါမှာ သူလဲမဖမ်းမိတော့ ကျယ်လောင်စွာသတိပေးရုံပဲတတ်နိုင်တယ် "ဓား!သူ့မှာဓားရှိတယ်!"

ဒါပေမဲ့လဲအဲ့တာကနောက်ကျသွားတယ်။

သွမ့်ကျားရန်ရဲ့ဘယ်ဘက်လက်ပေါ်ကိုဓားအဖျားဖြတ်သွားပီး သူ့ရဲ့လက်ဖြူပေါ်ကနေသွေးတွေအများကြီစီးကျလာတယ်။

ဟွာဟန်မှာပြန်ထဖို့အားရှိသေးလိမ့်မယ်လို့သူထင်မထားဘူး။

ခွေးရူးတစ်ကောင်လိုပြေားလာတဲ့ ဟွာဟန်ကိုကြည့်ပီး သွမ့်ကျားရန်ကို့ရိုးကားယားဖြစ်သွားတယ်။ သူတင်မဟုတ်ဘူး ဘေး​ကကောင်တွေလဲလန့်သွားတယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now