မိတ်ဆက် (အဖွင့်)

32 2 0
                                    

ထက်မြတ်ပိုင်

         ကျောင်းပြီးခါစ ဘွဲ့တခုရပြီး ဘယ်အလုပ်မှအတည်တကျမရှိဘူး တချိန်လုံး ဂိမ်းဆော့လိုက် ရုပ်ရှင်ကြည့်လိုက်နဲ့ တိုင်ပက်နေတဲ့သူ ။
ဝါသနာပါတာမယ်မယ်ရရမရှိ ။ ဒါပေမယ့် ဂီတတော့သူမြတ်နိုးတယ် နှစ်ခြိုက်တယ် ။ ဂစ်တာကြမတီးတက်ဘူး ဘယ်လောက်သင်သင်မတက်လို့ လက်လျော့ပြီး အသံသေးအသံကြောင်နဲ့ တီးလုံးသံကြားတာနဲ့လျှောက်အော်ဆိုနေတက်တယ်။ ရည်းစားဆိုလဲ ပွေလွန်းလို့ ရင်းနှီးတဲ့သူငယ်ချင်းတွေက ငပွေးလို့တောင် နာမည်ပြောင်ပေးထားတာခံရတယ် ။ သူငယ်ချင်းအပေါင်းသင်းမရှိသလောက်ရှားတယ် အရင်းနှီးဆုံးသူငယ်ချင်း တယောက်တော့ရှိတယ် သူရိယ တဲ့ ။ တက္ကသိုလ် စတက်ထဲကပေါင်းလာလို့ ပြောမနာဆိုမနာ ။တခုခုဆို အားကိုးရတဲ့သူငယ်ချင်းကောင်းဆိုလဲမမှားပါဘူး ။ သီချင်းဆိုပြိုင်ပွဲတွေတိုင်းအတွက်လဲ အမြဲအကြံကောင်းတွေပေးပြီး အမြဲကူညီပေးတက်တဲ့ သူငယ်ချင်းကောင်းတယောက်ဆိုမ မှားပါဘူး ။ ဒါပေမယ့် သူရိယ က ကျောင်းပြီးထဲက အလုပ်နဲ့ဆိုတော့ အရင်လိုကျနော်နဲ့ အချိန်ဖြုန်း သောင်းကျန်းလို့မရနိုင်တဲ့အတွက် သိပ်မဆုံဖြစ်ကြဘူးပေါ့။ထက်မြတ်ပိုင်ကတော့အိမ်မှာကပ်စားရင်း ဝါသနာပါတဲ့ သီချင်းတွေနဲ့ပဲအချိန်ကုန်လိုက် အွန်လိုင်းကနေ ဖွန်ကြောင်လိုက် တွဲလိုက်ပြက်လိုက်နဲ့ တစ်ယောက်ထဲတိုင်ပက်နေတက်တဲ့ သူတစ်ယောက်ပါ ။ ပြီးရင်အသည်းတွေကွဲလိုက် သီချင်းတွေရေးလိုက်နဲ့ ပုံမှန်အသားတကျလည်ပက်နေတဲ့လူတယောက်ဆိုလဲမမှားပါဘူး..။

လင်းသက်တန့် 

          ငယ်ငယ်ထဲက ရန်ကုန်တက်ပြီး အဆောင်နေလိုက် အမျိုးတွေနဲ့နေလိုက်နဲ့ ဘဝကိုတယောက်ထဲ ကြိုးစားနေတဲ့လူငယ်တယောက်ပေါ့.။ အရာရာကို လေးလေးနက်နက်နဲ့ အရွယ်နဲ့မမျှလောက်အောင် အလုပ်လဲ ကြိုးစားတယ် လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အမြဲ ချီးကျူးခံရပြီး အလုပ်ကြိုးစားလို့ လူကြီးတွေကပါ လေးစားချစ်ခင်ရတဲ့လူငယ်တစ်ယောက်ပေါ့ ။
အေးဆေးတည်ငြိမ်ပြီး ရင့်ကျက်တဲ့အတွေးအခေါ်တွေနဲ့ အရာရာကို serious သိပ်မဖြစ်ပဲ အားလပ်ချိန်တွေဆို လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပဲသူ့အချိန်တွေကို ကုန်ဆုံးတက်တယ် ။ သူ့ရည်မှန်းချက်က အောင်မြင်တဲ့ Businessman တယောက်ဖြစ်ချင်တာဆိုတော့ အတွေးခေါ်နဲ့ အပြုမူတွေ ရင့်ကျက်နေတာ မဆန်းပါဘူး ။

တစ်ရက်လောက်သာ ပိုချစ်ခွင့်ရခဲ့ရင် ...Where stories live. Discover now