Part 3

7 0 0
                                    

ကျနော် အိမ်ကိုပြန်ရောက်တာနဲ့ ရေတစ်ခွက်အဝသောက်ပြီး ရေချိုးဖို့ပြင်လိုက်တယ်...

ရုတ်တရပ်နေ့လည်ကအဖြစ်ကိုပြန်တွေးမိပြီး ကျနော်တချက်ပြုံးလိုက်မိပြန်တယ်

ချက်ချင်းပဲလင်းသက်တန့်ဆီဖုန်းခေါ်လိုက်မိတယ် .. လူကြီးမင်းခေါ်ဆိုသောဖုန်းမှာသက်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်တဲ့ .. ကျနော်လဲ ဖုန်းပြချထားပြီး မအားလို့များလားပေါ့ ဆက်မခေါ်ပဲ ရေချိုးလိုက်ပါတော့တယ်...

ရေချိုးအဝတ်စားလဲပြီး ဖုန်းကိုတချက်ကောက်ကိုင်ကြည့်မိတယ် ဖုန်းများပြန်ခေါ်ထားမလားပေါ့ ဒါပေမယ့် ဘာမှရှိမနေပါဘူး..

အခုမှစမြင်ဖူးသိဖူးပေမယ့် ကျနော်ခင်မိသွားတယ် အရင်ကရင်းနှီးဖူးတဲ့လူတယောက်လိုကိုခင်မိသွားတယ် ပြီးတော့ ကျနော့်ကြောင့် အနာတရဖြစ်သွားလို့ အားနာတဲ့စိတ်ကြောင့်လဲပါတာပေါ့..

ကျနော် ညဘက်သောက်နေကျဆေးတချို့ကို လက်ထဲဖောက်ထည့်ပြီး ပါးစပ်နားအရောက် စားပွဲပေါ်မှကျနော့်ဖုန်း မြည်သံကြောင့် ကျနော်အပြေးသွားကြည့်မိတယ်....

ယွန်း ဆီကဖုန်းပဲ..ကျနော်မျက်နှာတချက်ပျက်မိသွားတယ်....
ဘာကြောင့်ရယ်ကျနော်မသိ.. အိမ်ရောက်ကတည်းက ယွန်းဆီဖုန်းဆက်မလို့ပါပဲ ဒါပေမယ့် ကျနော်မဆက်ဖြစ်ခဲ့ဘူး...

ဆေးကိုအမြန်သောက်ပြီး ဖုန်းကိုင်လိုက်တယ်..

"ယွန်း ရောက်ပြီလား "

"တော်သေးတာပေါ့ ရန်ကုန်မှာ မရှိတာနဲ့ယွန်းကိုတောင်မေ့သွားပြီလားလို့ "

"ဟဟ မေ့စရာလားယွန်းကလဲ ကိုလဲ စောနကမှအိမ်ရောက်လို့ ရေချိုးပြီးတာခုပဲ"

"ဒီနေ့ကို့အလုပ်အဆင်ပြေရဲ့လား "

"အင်းပြေပါတယ် ကို့အခွေထွက်တဲ့နေ့ယွန်ပြန်လာနော် "

"ပြန်လာနိုင်အောင်ကြိုးစားပါ့မယ်ကိုရာ ဒီမှာဖေဖေကလဲ ယွန်းတို့ရှိမှဖြစ်မှာမလို့ပါ "

"အင်းပါ ယောက္ခထီးကြီးကိုလဲ ဂရုစိုက်နော် စိတ်ချမယ် ယွန်းလဲဂရုစိုက်နေအုံး "

" သူများအဖေကို ပိုင်စိုးပိုင်နင်း.. ကိုလဲစောစောအိပ်အုံး ယွန်းလဲအိပ်တော့မယ် ကားစီးလာရတာပင်ပမ်းလို့ "

"Good night သဲလေး တာ့တာ "

ကျနော်ဖုန်းချအပြီး လင်းသက်တန်းဆီ ဖုန်းခေါ်ဖို့ပြင်လိုက်ရုံရှိသေး

ကျနော့်ဖုန်းမြည်လာတယ် ကျနော့်မျက်နှာ ဝင်းခနဲဖြစ်သွားမိတယ်..

"ဟလို "

"ကိုထက်မြတ်ပိုင် ဖုန်းခေါ်ထားတာတွေ့လို့ ပြန်ခေါ်လိုက်တာ "

"ဟုတ်တယ် သက်သာလားလှမ်းမေးတာ ပြီးတော့ အိမ်ကောသေချာပြန်ရောက်ရဲ့လားလို့ပါ "

"ဟုတ်ရောက်ပါတယ် နဲနဲတော့ နာနေသေးတယ် "

"သတိထားပြီးနေပါ အကိုဆေးခန်းသွားမယ့်နေ့လာကြိုပေးပါ့မယ် "

"အာ ရပါတယ် ကျနော့်ဘာသာ သွားလိုက်ပါ့မယ် "

"ဘယ်ဟုတ်ပါ့မလဲ အကို့ကြောင့်ဖြစ်ခဲ့ရတာပဲ အကိုလိုက်ပို့ပေးပါ့မယ် "

"အဲ့ဒါဆိုဆေးရုံကပဲစောင့်ပါ ကျနော် လာခဲ့ပါ့မယ် "

"ဟုတ်ပါပြီ အဲ့ဒါဆိုဂရုစိုက်အုံးနော်
Good night "

"ဟုတ်ကဲ့ good night "

ဖုန်းချပြီး ကျနော်ခပ်ပြုံးပြုံးဖြစ်ပြီးကျန်ခဲ့မိတယ်....

ကျနော်သီချင်းနားထောင်ရင်း အိိပ်ဖို့ပြင်ဆင်လိုက်ပါတယ်..

ကျနော့်နှာခေါင်းထဲ အမွှေးနံ့တခု သင်းခနဲရလိုက်သလိုခံစားလိုက်မိတယ်....

...........................

You've reached the end of published parts.

⏰ Last updated: Apr 15, 2021 ⏰

Add this story to your Library to get notified about new parts!

တစ်ရက်လောက်သာ ပိုချစ်ခွင့်ရခဲ့ရင် ...Where stories live. Discover now