Part 16

1.5K 141 10
                                    

(Unicode)

" Yuri နင်ငါစုံစမ်းခိုင်းတာတွေ သိရပြီလား ?"

" ... "

" အေး ကျေးဇူးပဲ ငါ SMS ဝင်စစ်လိုက်မယ် "

" ... "

" အဓိကက နင်ဒီကိစ္စ မ ကိုလုံးဝမသိပါစေနဲ့ "

" ... "

" ဒါဆို ငါဒီညလုပ်ငန်းစမယ် "

Chaeng ဖုန်းချလိုက်ပြီးနောက် SMS ဝင်စစ်လိုက်သည် ။ သူမ လိုချင်သော အချက်အလက်တွေအကုန်ပြည့်စုံနေပြီ ။ ဒီည ... ။ Jung Hae Min ကိုအမြစ်ဖြတ်ရမယ့်ည ... ။

သူမ တစ်နေရာသို့သွားနေစဉ် မ ဆီကဖုန်းဝင်လာသည် ။ ဟုတ်သားပဲ ဒီနေ့ မ ရှုတင်ပြန်ရိုက်မယ့်နေ့လေ ။

" Hello မ "

" ကလေး ဘယ်မှာလဲ ?"

" အာ အခု ဆိုင်မှာပါ မ "

" အွန်း ကလေး မ ကအခုရှုတင်ရိုက်နေတာ ခဏ Shooting break တုန်း ကလေးဆီဖုန်းဆက်လိုက်တာ "

" ဂရုစိုက်ဦးနော် အစားလည်းပုံမှန်စား "

" ညကျလာတွေ့မလား မ အားတယ် "

" အာ ~ ည ~ ညက ငယ် မအားဘူး Design အပ်ထားတာတစ်ခုသွားလုပ်ပေးရဦးမှာ "

" ဪ အင်းပါ ဟုတ်ပြီလေ ဒါဆိုလည်း ပြီးတာပဲ "

" ဟုတ်ကဲ့ပါ မ ဒါဆို ငယ် ဖုန်းချလိုက်တော့မယ်နော် "

" ဟုတ်ပြီ ကလေး "

ဘာလို့လဲမသိ Chaeng အသံကို Jen ဘဝင်မကျ ။ အနည်းငယ်တုန်လှုပ်နေဟန်ရှိပြီး တစ်ခုခုကိုဖုံးကွယ်ထားသလို ခံစားရသည် ။ Jen သက်ပြင်းချကာ Shooting ပြန်စသောကြောင့် အလုပ်ထဲတွင် အာရုံပြန်စိုက်လိုက်ရသည် ။

Chaeng ကားမောင်းနေတုန်း နောက်ထပ်ဖုန်းဝင်လာပြန်သည် ။ Yuki ဆီက ... ။

" Yuki ဘယ်လိုလဲ ? သေချာလား ?"

" သေချာတယ် အမ ဒီနေ့ည သူ *** bar VIP ခန်းကိုသွားလိမ့်မယ် "

" ကျေးဇူးပဲ Yuki "

" ဒါနဲ့ အမ ဒီလိုလုပ်မယ်ဆိုတာ သေချာပြီလား ?"

" သေချာပြီ Yuki ။ Yuki ဘက်ကသာ အမကိုသေချာအောင်ကူညီပေးပါ "

" ရတယ် အမ Yuki သူ့ကိုလာပို့ပြီးတော့ ပြန်မှာ အဲတာ မပြန်ဘဲ တစ်နေရာမှာစောင့်နေပေးမယ် "

For Chaeyoung 🖤 CompletedWhere stories live. Discover now