Part 18 The End (Unicode)

3.1K 161 6
                                    

(Unicode)

အခြေအနေတွေပြန်လည်ကောင်းမွန်လာသောကြောင့် သူတို့နှစ်ယောက်ပိုင်ဆိုင်ရာ အိမ်လေးသို့မကြာခဏရောက်ဖြစ်ကြသည် ။ အခုလည်း အိမ်လေး၏ဧည့်ခန်းထဲတွင် Jen က Chaeng ပခုံးလေးပေါ်မှီရင်းထိုင်နေသည် ။

" ငယ် "

" ရှင့် "

" မ ကိုစိတ်မပျက်ဖူးလားဟင် ?"

" မပျက်ပါဘူး မ ရဲ့ မ ကိုလေ ဟိုးငယ်ငယ်လေးကတည်းက ချစ်လာရတာ အချစ်တွေကပိုပဲတိုးလာတယ် လျော့မသွားဘူး သိလား "

" မ ကလေး ကိုဒုက္ခတွေအများကြီးပေးမိတဲ့အတွက်တောင်းပန်ပါတယ် "

" မလိုပါဘူး မ ရယ် ဒါ မ အမှားတွေမှမဟုတ်တာ ကံကြမ္မာဆိုတဲ့ အရာကြောင့်ပဲလေ "

" တို့ကလေးငယ်က အရမ်းရင့်ကျတ်လာပြီနော် "

" မ ကလည်း ငယ့်အသက်တောင် ၂၇ ပြည့်တော့မှာလေ "

" ဟုတ်သားပဲ နောက်နှစ်ရက်ဆိုရင် ဒီကလေးမလေးရဲ့ မွေးနေ့ရောက်တော့မှာပဲ "

" အဲတာ မ ကိုပြောမလို့ "

" ဟင် "

" မ အဲဒီနေ့ကို ငယ်နဲ့အတူတူနေပေးလို့ရမလားဟင် ?"

" အာ မရဘူး ကလေးရဲ့ မ အဲဒီနေ့မှာ VLive လုပ်ဖို့ရှိတယ် "

" ဟင် ဟုတ်လား "

ညှိုးငယ်သွားသော ကလေးငယ်ရဲ့မျက်နှာကိုမမြင်ချင်သော်လည်း နောက်ဆို ‌ပြုံးပျော်အောင် လုပ်ပေးမှာမို့ ခဏပဲစောင့်ပေးပါ ကလေးငယ် ။

မ ကအလုပ်များတဲ့ မင်းသမီးတစ်လက်ဆိုတာ Chaeng သိပေမယ့် Chaeng မွေးနေ့လေးမှာတော့ မ ကိုရှိနေစေချင်သည် ။ စိတ်မကောင်းဖြစ်ရုံမှအပ ဘာများလုပ်နိုင်မှာလဲလေ ။

Chaeng အသက် (၂၇) ပြည့်တဲ့အပြင် သူမတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းဟာလည်း (၇) နှစ်ပြည့်မို့ Chaeng အထူးတလည်စီစဉ်မည်ဆိုတဲ့ စိတ်ကူးတွေက လေထဲမှာပဲလွင့်ပျောက်ကုန်သည် ။ အသက်တွေမငယ်တော့တာမို့ တရားဝင်လက်ထပ်ယူချင်သော်လည်း မ ဘက်ကယခုထိ ပရိသတ်တွေကိုတောင် ချပြခဲ့ခြင်းမရှိ ။

" အိပ်တော့လေ မ "

" ငယ် မ ကိုစိတ်ဆိုးသွားတာလား ?"

For Chaeyoung 🖤 CompletedWhere stories live. Discover now