Ep-2

3.7K 339 0
                                    

ရိပေါ်လဲဟုန်ကျူးမြို့ပေါ်ရောက်တော့လာကြိုမယ်ပြောထားတဲ့နေရာမှာရပ်စောင့်နေရင်းဖုန်းကြည့်နေစဉ်

ဟို...ကျွန်တော်တို့ရွာမှာစာသင်မယ့်ဆရာလေးဝမ်ရိပေါ်လားဟင်

ဟုတ်ပါတယ်ဗျ

ကျွန်တော့်နာမည်ယွီပင်းပါဗျနောက်ကျသွားလို့တောင်းပန်ပါတယ်...ကျွန်တော်တို့ဗိုလ်ကြီးကအလုပ်တွေခိုင်းနေလို့ပါ

ဗိုလ်ကြီး??

ကားပေါ်တက်ပါဆရာလေး..လမ်းမှာဖြေးဖြေးချင်းပြောပြပါ့မယ်

ဟုတ်ကဲ့

ကျွန်တော်တို့ရွာလေးကစစ်တပ်အုပ်ချုပ်တဲ့ရွာလေ.ရွာကနယ်စပ်နားမှာရှိတာဆိုတော့လူအရောက်နည်းတယ်ဗျ.ဗိုလ်ကြီးဆိုတာကပြောရရင်ရွာသူကြီးဘဲပေါ့ဗျာ...ရွာကိုသူကဘဲအုပ်ချုပ်တာလေ

အော်...

ဆရာလေးကဒီကိုလာမယ်လို့လျှောက်ထားလို့လား

မဟုတ်ဘူးဗျ.အထက်ကတာဝန်ပေးတဲ့အတိုင်းလာတာပါ

အော်...

ရိပေါ်လဲကားမှန်ကိုမှီပြီးအပြင်ကရှုခင်းကိုကြည့်နေရင်းနဲ့အိပ်ပျော်သွားလေတယ်။

ရွာကိုရောက်လာတော့ညနေ၆နာရီတောင်ရှိလေပြီ...

ဆရာလေးရောက်လာပါပြီဗိုလ်ကြီး

အိပ်နေတာလား

ဟုတ်ကဲ့

သူ့ပစ္စည်းတွေသယ်လာသွားပေးလိုက်

ဟုတ်ကဲ့ဗိုလ်ကြီး

ဗိုလ်ကြီးဆိုတဲ့လူကကားတံခါးကိုဖွင့်လိုက်ကာကားကလုံခြုံရေးခါးပတ်ကို(ရိပေါ်ပတ်ထားတာပါနော်)ကိုဖြုတ်လိုက်ပြီးရိပေါ်ကိုပွေ့ချီကာအိမ်ပေါ်ခေါ်လာလေတယ်။

ဆရာလေးကိုပွေ့ချီလာတဲ့ဗိုလ်ကြီးကြောင့်ယွီပင်းလဲအထူးဆန်းနဲ့ပြူးကြည့်နေစဉ်

စောင်ဖယ်ပေး

ဟုတ်ကဲ့ဗိုလ်ကြီး

အိပ်ယာပေါ်ခင်းထားတဲ့စောင်ကိုဖယ်ပေးလိုက်ပြီးရိပေါ်ကိုအိပ်ယာပေါ်ချပေးလိုက်ကာအပေါ်ကစောင်ထပ်ခြုံပေးလိုက်လေတယ်။

Xiao Ge Ge (Completed)Where stories live. Discover now