Ep-13

2.5K 208 9
                                    

ရိပေါ်ကိုဆပ်ပြာတိုက်ပေးမလို့အရှေ့တိုးလာတုန်းအောက်မှာကျနေတဲ့ဆပ်ပြာတုံးသေးသေးလေးကိုမမြင်ဘဲနင်းမိသွားကာချောပြီးနောက်ပြန်လဲကျတော့ရိပေါ်လဲလှမ်းဆွဲလိုက်ပေမယ့်အရှိန်မထိမ်းနိုင်ကာသူပါလဲကျသွားလေတယ်။

ရိပေါ်ကရှောင်းကျန့်ရင်ဖက်ပေါ်ထပ်ရက်လဲကျပြီးရှောင်းကျန့်နှုတ်ခမ်းနဲ့သူ့နှုတ်ခမ်းနဲ့မိတ်ဆက်မိသွားတာကြောင့်မျက်နှာကြီးနီရဲသွားကာကုန်းရုံးထပြီး

အ...အဟမ်း. ဘာဖြစ်သွားသေးလဲ

ဘာမှမဖြစ်ပါဘူး...မင်းလက်

ရပါတယ်...နည်းနည်းလေးစိုသွားတာပါ

မြန်မြန်ချိုးလိုက်.ပတ်တီးအသစ်လဲရမယ်

အွန်း

(ဟိုး....အဝေးကြီးကချုံပုတ်လေးထဲမှာKiss sence ကြီးကိုချောင်းကြည့်နေတဲ့သာသာအချောလေးရှိသတဲ့...)

ရိပေါ်လဲတစ်ပတ်လောက်အနားယူပြီးတော့အရင်လိုစာပြန်သင်လေတယ်။

ဂွတ်မောလီးဆရာ

အေး..ဂွတ်မောလီး.အဲ မဟုတ်ပါဘူး ဂွတ်မောနင်းပါကလေးတို့

စာသင်ပြီးတော့(သိဘူးကျော်မှာဘဲ)

ကဲ!စာသင်ပြီးပြီဆိုတော့ဘာလုပ်ကြမလဲ

ဆော့ကြမယ်!!!

ဒီနေ့လူမစုံတော့ဆော့ရတာပျော်ဖို့ကောင်းမယ်မထင်ဘူး...ဒီလိုလုပ်.ပုံပြောပြမယ်လေ နားထောင်ကြမလား

ဟုတ်...

အဟမ်းအဟမ်း..ဟိုးရှေးရှေးတုန်းက...ရွာလေးတစ်ရွာမှာစာလာသင်တဲ့ကျောင်းဆရာအချောလေးတစ်ယောက်ရှိသတဲ့...အဲ့ကျောင်းဆရာလေးကိုရွာသားတွေကနွေးနွေးထွေးထွေးနဲ့ကြိုဆိုကြပေမယ့်အသားကခပ်ညိုညို အရပ်ကရှည်ရှည် ပိန်ပိန်ပါးပါး သွားအကြီးကြီးနှစ်ချောင်းရှိတဲ့သူကြီးကတော့ကျောင်းဆရာလေးကိုအမြင်မကြည်ဘူးတဲ့ကွယ်...

သမီးမေးစရာရှိလို့ပါဆရာ..

မေးလေ

ဆရာပြောတဲ့သူက....ဗိုလ်ကြီးကိုပြောတာလားဟင်

ဟုတ်တယ်ဟုတ်တယ်.ဆရာပြောတဲ့လူပုံစံကိုမျက်လုံးထဲပုံဖော်ကြည့်လိုက်တာဗိုလ်ကြီးလို့ဘဲမြင်နေတယ်

Xiao Ge Ge (Completed)Where stories live. Discover now