မှောင်မဲနေတာကြောင့်မမြင်ရတာနဲ့ဘေးနားကဖယောင်းတိုင်ကိုမီးညှိ့ပြီးကြည့်လိုက်တော့..
နီရဲနေတဲ့သွေးတွေကြောင့်လန့်သွားကာစောင်ကိုဆွဲလှန်လိုက်တော့လက်ကောက်ဝတ်ကအဆက်မပြတ်စီးကျနေတဲ့သွေးတွေကြောင့်ဘေးနားကအဝတ်စတစ်ခုနဲ့လက်ကိုစီးကာရိပေါ်မျက်နှာတစ်ခုလုံးလဲဖြူဖျော့နေတာကြောင့်အမြန်ပွေ့ချီကာကျန်းချန်ရဲ့အိမ်ကိုပြေးရလေတယ်။
ကျန်းချန်!!ကျန်ချန်!!!တံခါးမြန်ဖွင့်စမ်း!!
ဘာလဲရှောင်းကျန့်ရာ..ညကြီးမိုးချုပ်
ကျန်းချန်လဲတံခါးလာဖွင့်ရင်းရိပေါ်ကိုပွေ့ချီထားတာမြင်တော့
ဟျောင့်.ဆရာလေးဘာဖြစ်တာလဲသွေးတွေ
လက်ကောက်ဝတ်ကိုဓားနဲ့လှီးထားတာကွ
ဘာ!!ငါ့ဆေးခန်းကိုခေါ်လာခဲ့ဒီမှာဘာပစ္စည်းမှမရှိဘူး
(ပစ္စည်း=ဆေးပစ္စည်း)
ဆေးခန်းကအိမ်နဲ့နီးတာကြောင့်ခနလေးနဲ့ရောက်သွားလေတယ်..
ဆေးခန်းထဲကခုတင်ပေါ်တင်ပေးလိုက်ပြီးကျန်းချန်လဲလက်ကဒဏ်ရာကိုအစိမ်းချုပ်ကာဆေးထည့်ပြီးပတ်တည်းစီးပေးလိုက်လေတယ်။
ဆရာလေးကသွေးထွက်လွန်ထားတယ်ကွ.သွေးသွင်းဖို့လိုတယ်..ဒါပေမယ့်ငါ့မှာသွေးအဆင်သင့်မရှိဘူး
ဘာသွေးလဲ
ခနလေး.ငါစစ်ကြည့်လိုက်မယ်
(သွေးစစ်တာချက်ချင်းသိရပါတယ်နော်)
B သွေး
ငါလဲB သွေးဘဲ.ငါ့သွေးယူလိုက်
အေးအေး
ရှောင်းကျန့်ကိုဘေးကခုတင်ပေါ်လှဲခိုင်းကာသွေးဖောက်ပြီးရိပေါ်ကိုသွင်းပေးလိုက်လေတယ်။
ဒီလောက်ဆိုရလောက်ပြီ.အကျီမှာသွေးတွေပေနေတော့လဲပေးရအောင်အကျီသွားယူပေးအုံး
အေးအေး
ရှောင်းကျန့်လဲရိပေါ်အိမ်ကိုသွားပြီးအကျီလေးတစ်ထည်ယူလာကာဆေးခန်းကိုပြန်လာခဲ့လေတယ်။
ရပြီ..ငါဘဲလဲပေးလိုက်မယ်
အင်း
ရိပေါ်ရဲ့အကျီကြယ်သီးကိုဖြူတ်လိုက်တော့ဖြူဖြူဖွေးဖွေးရင်ဖက်လေးပေါ်မှာနေရာယူနေတဲ့အညိုမဲကွက်ကြီးကိုတွေ့တော့..
YOU ARE READING
Xiao Ge Ge (Completed)
Fanfictionတာဝန်ကျတဲ့ရွာလေးကိုစာသင်ဖို့ရောက်လာတဲ့ကျောင်းဆရာလေးနဲ့ရွာကိုအုပ်ချုပ်တဲ့ဗိုလ်ကြီးတို့ရဲ့ဇာတ်လမ်းလေးပါ... တာဝန်ကျတဲ့ရွာလေးကိုစာသင်ဖို့ရောက်လာတဲ့ကျောင်းဆရာလေးနဲ့ရွာကိုအုပ်ချုပ်တဲ့ဗိုလ်ကြီးတို့ရဲ့ဇာတ်လမ်းလေးပါ... Zhanyi 😍😍