𝐏𝐚𝐫𝐭 6 {Little Warning}

6.7K 671 242
                                    

Unicode ✅

-Little Baby Kitten-

"Daddy~ ဒီအိမ်လား"

"ဟုတ်တယ် သဲသဲလေး၊ ခဏလေးနော်၊ Daddy bell တီးလိုက်အုံးမယ်"

"ဟုတ်~"

Yoongiလည်း ကားပေါ်ကဆင်းကာ Taehyung ခြံ‌ေရှ့ကဘဲလ်ကိုတီးလိုက်တယ် ခဏကြာတော့ Taehyung ထွက်လာပြီး၊ ခြံတံခါးဖွင့်ပေးတာမို့ Yoongiလည်းကားကို၊ ခြံထဲထိမောင်း၀င်ကာ၊ ကားပေါ်ကဆင်းလာလိုက်တယ်...။

ကားပေါ်ကဆင်းလာတော့ Taehyungက သူ့ကိုပင်အဖတ်မလုပ်။ Jiminieလေးကိုသာ လက်ကနေဆွဲကာ၊ အိမ်ထဲခေါ်သွားလေသည်။ ကောင်စုတ်လေး၊ ငါ့ကျတော့ အဖတ်တောင်မလုပ်ဘူး။ တွေ့မယ်၊ ဒီတခါသီချင်းလာရေးခိုင်ကြည့်၊ လုံး၀မရေးပေးပဲ နေပြမယ်ကြည့်နေ...။

"Kookieလေးရေ၊ ဒီမှာ Jiminieလေးလာပြီ"

Taehyung ခေါ်လိုက်တော့၊ မီးဖိုချောင်ထဲကနေ၊ လူံးလူံး၊ လူံးလူံးနဲ့ပြေးလာလေတယ်။ သူ့ဆီကိုရောက်လာတဲ့ ယုန်ပေါက်လေးဟာ၊ အတော်လေး ချစ်စရာကောင်းလာသည်။ Jiminieလေးလိုပဲ အသဲယားစရာလေး...။

"Kookieလေး ဦးဦးမင်ဆီ လာပါအုံး"

သူခေါ်လိုက်တော့ သူ့ဘေးမှာ၀င်ထိုင်လေတယ်။ တဖန် Jiminieလေးကိုခေါ်လိုက်ပြီး၊ ပေါင်ပေါ်ကောက်တင်လိုက်တယ်။ Jiminieလေးကြည့်ရတာ၊ စိတ်လှုပ်ရှားနေဟန်၊ သူ့လည်တိုင်ထက်၊ လက်သေးသေးလေးတွေနှင့် တွယ်ခိုကာ၊ သူ့ကိုအားကိုတကြီးကြည့်လာသည်...။

"Jiminieလေးက ကြောက်နေတာလား"

Taehyungကလည်း သူ့ကလေးကို ပေါင်ပေါ်ကောက်တင်ကာ၊ ဘေးမှာ၀င်ပြီး မေးလာသည်။ ယုန်ပေါက်လေးကို ကြည့်ရတာလဲ၊ Jiminieလေးလိုပဲ၊ စိတ်လှုပ်ရှားနေပုံ...။

"Jiminieလေး Kookieလေးနဲ့စကားပြောလိုက်လေ"

"Nae Daddy~ Kookie အတူတူဆော့ကြရအောင်"

Jiminieလေးဘက်က စပြောတော့မှ ယုန်ပေါက်လေးက၊ ယုန်သွားလေးတွေ ပေါ်အောင်ပြုံးပြီး၊ Taehyung ပေါင်ပေါ်ကဆင်းကာ၊ Jiminieလေးကို ခေါ်သွားလေတယ်။ ခဏကြာတော့ အရုပ်တွေ အများကြီးယူလာပြီး တူတူထိုင်ဆော့နေကြသည်...။

"ကလေးတွေ အရွယ်ရောက်တာမြန်လိုက်တာ"

Taehyungက ကလေးတွေကို ကြည့်ပြီးပြောလာတာမို့၊ သူလည်းကလေးတွေကိုကြည့်ပြီး၊ ပြုံးမိပါတယ်။ ကလေးတွေဟာ၊ မျက်လူံးရှေ့တင် အရွယ်ရောက်လာတာ၊ မျက်မြင်ပင်။ စတွေ့တုန်းက ကြောင်ပေါက်လေးနဲ့၊ ယုန်ပေါက်လေး မဟုတ်တော့ပေ...။

// 𝐁𝐚𝐛𝐲 𝐇𝐲𝐛𝐫𝐢𝐝// [Complete]Where stories live. Discover now