Part 10 {Final Part}

7.2K 528 194
                                    

Unicode ✅

-Little Baby Kitten-

Min Jimin တယောက် တနေ့ထက်တနေ့ ပိုပိုပြီးအရွယ်ရောက်လာသလို၊ ပိုပိုပြီးလည်း လှလာသည်။ ဒါကိုစိတ်မချပဲ အူတိုရသူကြီးကတော့ သူ့ရဲ့ Daddyကြီး Min Yoongi သာဖြစ်လေသည်...။

အခုလည်း သင်တန်းတက်ခိုင်းပြီး စိတ်မချလို့ အကြိုအပိုကိုယ်တိုင်လုပ်ရင်း အပင်ပန်းခံနေသူလည်း သူကိုယ်တိုင်ပါပဲ။ Piano တီးတက်ချင်တယ်လို့ ပူဆာတဲ့သဲသဲလေးကြောင့် Piano သင်တန်းထားပေးရပြန်တယ်။ အခုလည်း သင်တန်းသွားဖို့ အလှပြင်နေတာမပြီးတော့...။

မှန်ရှေ့မှာ အ၀တ်စား တထည်ပြီးတထည်လဲလိုက်၊ ဆံပင်ကိုပုံသွင်းလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ သဲသဲလေးအား သူသိပ်အမြင်မကြည့်ချင်တော့။ အစောထဲကလှပြီးသားကို ထပ်ပြင်နေတာ၊ လူကိုအူတိုပြီးသေစေချင်သလား သဲငယ်လေးရယ်...။

"Daddy~ Jiminie ကြည့်ကောင်းလား"

"အင်း ပြီးရင်ဆင်းခဲ့တော့"

သေချာတောင် ပြန်မဖြေသွားပဲ၊ အခန်းထဲကထွက်သွားတဲ့ Daddyကသူ့ကိုများ စိတ်ကောက်သွားလေသလား။ သူလည်းစိတ်ကောက်အောင် ဘာမှမလုပ်မိပါဘူး။ သူအထင်မှားတာနေမှာပဲနေမှာပါ...။

Daddyကအစထဲက စကားနည်းသူပဲလေ။

အကုန်ပြီးစီးပြီး အောက်ထပ်ဆင်းလာတော့ ဖုန်းပြောနေတဲ့ Daddyကြောင့် သူလည်းDaddyဘေးမှာ အသာလေးထိုင်နေလိုက်တယ်။ စိတ်ထဲကနေ မေးခွန်းတွေ ကိုယ့်ကိုယ်ကို မေးနေမိတယ်။ Daddy ဘယ်သူနဲ့ဖုန်းပြောနေတာလဲလို့...။

"ဟုတ်ပြီ Taehyung သီချင်းတွေသေချာလေ့ကျင့်ထား၊ နောက်အပတ် အသံသွင်းမယ်"

Daddyက ဦးဦးထယ်နဲ့ပြောနေတာကိုး။ တော်ပါသေးတယ်။ အခုမှသူ့ရင်အေးရတော့တယ်။ ဘာပဲပြောပြော Daddyကို ကြာလေသူစိတ်မချလေပဲ။ သူကသာအရွယ်ရောက်လာလို့ ထွားလာပြီး ကြည့်ကောင်းလာတာ...။

Daddyကတော့ ထိုသို့မဟုတ်။ အသက်ကြီးလာလေ၊ ပိုနုပြီးပိုချောလာတာမို့၊ Daddyကိုလိုချင်တဲ့ အဆိုတော်မတွေတပုံကြီး။ သူ့မှာလည်း Daddyကိုပြန်ပြီး ပူပန်ရတာနဲ့ နည်းနည်းလေးတောင် ရုပ်ရင့်လာသလိုပဲ...။

// 𝐁𝐚𝐛𝐲 𝐇𝐲𝐛𝐫𝐢𝐝// [Complete]Where stories live. Discover now