(Unicode)
လူတွေကြပ်သိပ်နေတဲ့ မုံရွာတဣသိုလ်ကျောင်းဝန်းကြီး၊ ကျောင်းအပ်တဲ့ပထမဆုံးနေ့မို့ မြူနှင်းခမျာ တစ်ယောက်တည်းယောင်လည်လည်နှင့် ငိုတောင်ငိုချင်မိသည်။
စာရေးမတွေကလည်း တောင်သွားခိုင်း မြောက်သွားခိုင်းနှင့်......မြူနှင်းတစ်ယောက် လူအုပ်ကြီးကြားထဲမှ တိုးဝှေ့ပြီး ဖောင်ထုတ်ရန်စောင့်စားနေစဥ်
"ဓာတုဗေဒဌာနက မောင်နိုင်နိုင်အောင် ဖောင်ဖြည့်ပြီး ဌာနကိုသွားလို့ရပါပြီ"
" (ဟင်......သူ့နာမည်?.....နာမည်တူတာများလား?)"
မြူနှင်းအတွေးပေါင်းမြောက်မြားစွာနဲ့ လှည့်ကြည့်လိုက်တော့ သူမကိုစိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံ
" (သူပဲ.....ဓာတုဗေဒဌာနတဲ့....ငါနဲ့အတူတူပဲပေါ့...ဘာလို့လဲ) "
မြူနှင်းထပ်ကြည့်လိုက်တော့ သူကလည်းကြည့်နေဆဲ၊ မြူနှင်းမသိချင်ယောင်ဆောင်ပြီး ဖောင်ဆက်ဖြည့်နေလိုက်သည်။
အမှန်အတိုင်းပြောရရင် သူကိုပြန်တွေ့ရမယ်လို့ မြူနှင်းမထင်ထားခဲ့၊ အခုလို မထင်မှတ်ပဲ ပြန်တွေ့ရတော့ အတိုင်းအဆပျော်မိသည်မှာ အမှန်ပင်....သူရော မှတ်မိပါအုံးမလား...........
(Zawgyi)
YOU ARE READING
တစ်ဖက်သတ် အချစ်ဦး (U + Z) Completed