Part 6

2.3K 149 0
                                        

(Unicode)

ကောင်ကင်ကြီးတစ်ခုလုံး မှောင်မိုက်နေပြီး လေပြင်းများတိုက်ခတ်နေသည်။ မကြာမီ မိုးပေါက်တွေတစ်ပေါက်ပြီးတစ်ပေါက်ကျလာပြီး လေပြင်းများကြားထဲမှာ အညှိုးကြီးစွာ ရွာချလေတော့သည်။

ထိုအချိန် စာသင်ခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေသော မိန်းကလေးတစ်ယောက် ပြတင်းပေါက်အပြင်ဖက်ကို ငေးကြည့်နေလေ၏။

မိုးစက်လေးတွေက လေပြေရဲ့သယ်ဆောင်မှုနဲ့အတူ မိန်းက​လေးရဲ့မျက်နှာကို ပက်ဖြန်းနေသည်။ ဆံနွယ်လေးတွေကလည်း လေနှင့်အတူ လွင့်နေလေသည်။

သို့ပေမယ့် မျက်ဝန်းထဲမှာမူ မျက်ရည်စတွေနှင့်။ မှောင်မိုက်နေတဲ့ကောင်ကင်ကြီးက ထိုမိန်းကလေးရဲ့ နှလုံးသားနှင့်ဆင်တူနေသလိုပင်.......

မြူနှင်း လောကကြီးကို မုန်းသည်။ အထီးကျန်နေရတဲ့ ခံစားချက်ကြီးကိုလည်း မုန်းသည်။ မြူနှင်းဦးနှောက်ထဲတွင် အရာအားလုံး ဗလာဖြစ်နေပြီး နှလုံးသားတွေ နာကျင်နေလေသည်။

"မြူနှင်း အဆင်ပြေရဲ့လား "

သူမ အသံကြားရာကို လှည့်ကြည့်လိုက်တော့

"ဟင်......" "နိုင်"

မုန်တိုင်းရှိတယ်ဆိုတဲ့သတင်းကြောင့် မနက်ကတည်းက အတန်းပိုင်ဆရာမက တစ်ခန်းလုံးကို အိမ်ပြန်ခိုင်းထားသည်။ မြူနှင်းကတော့ School Busက ညနေ(၄)နာရီမှ လာကြိုမှာမို့ အိမ်မပြန်ရသေး။ အခန်းထဲ တစ်ယောက်တည်းရှိမယ်လို့ ထင်ထားပေမယ့် နိုင့်ကိုမြင်လိုက်တော့ အံ့သြသွားသည်။

(သူ.........ငါငိုနေတာ မြင်သွားလား??)

သူမ မျက်ရည်တွေကို ကပျာကယာသုတ်ပြီး

"နင်......နင် အိမ်မပြန်ဘူးလား"

"အင်း ပျင်းလို့ "

နိုင်က ပြောရင်းနဲ့ လက်ထဲက အအေးဗူးလေးကို လှမ်းပေးလိုက်သည်။

" ကျေးဇူး....မသောက်တော့ဘူး နင်ပဲသောက်"

" ရော့.... ငါနင့်ဖို့ဝယ်လာတာ"

( ငါ့ဖို့ဝယ်လာတာ?)

မြူနှင်းငြင်းလိုက်ရင် သူလက်ရှက်သွားမှာစိုးလို့ မြူနှင်းယူပြီး မော့သောက်လိုက်သည်။ ရင်ထဲကို အအေးလှိုင်းဖြတ်သွားတော့ ခုဏက မွန်းကြပ်မှုတွေ အနည်းငယ်ပြေလျော့သွားသလိုပင်။

တစ်ဖက်သတ် အချစ်ဦး (U + Z) Completed Where stories live. Discover now