(Unicode)
"မြူနှင်း နင့်အတွက် "
Valentine Dayမို့ ရဲရင့်က ပန်းစည်းနှင့်ခေျာကလက်ကို အတန်းရှေ့တွင် လာပေးသည်။
"ဝိုး.....ဟေး....."
အတန်းထဲကလူတွေရော ဘေးကဖြတ်လျောက်သွားတဲ့လူတွေရော မြူနှင်းတို့ကို ဝိုင်းစနေကြသည်။ မြူနှင်းရှက်ရှက်နှင့် ရဲရင့်လက်ကို ဆွဲပြီး လူရှင်းတဲ့နေရာကို ဆွဲခေါ်သွားလိုက်၏။
အမှန်တော့ ရဲရင့်က လူကောင်းတစ်ယောက်ပင်။ မြူနှင်းနှင့်မတွေ့ခင်က play boyလေးက မြူနှင်းကြောင့် တည်ငြိမ်သွားသည်။ အမြဲ မြူနှင်းကို အလိုလိုက်သည်။ နေ့လည်ခင်းတိုင်း မြူနှင်းအတွက် မုန့်လာပို့ပေးတတ်သည်။ မြူနှင်းစိတ်ညစ်တိုင်း သူမဘေးမှာရှိနေပေးသူမှာ ရဲ့ရင့်ပင်။ သို့သော်လည်း..........
"ရဲ့ရင့်.....နင်ဘာလုပ်တာလဲ"
"မြူနှင်း... ငါဖွင့်ပြောလိုက်ရင် နင်စိတ်ဆိုးမှာစိုးလို့ ငါသူငယ်ချင်းလို နေခဲ့တာ....တကယ်တော့ ငါနင့်ကြောင့် ပရဟိတကျောင်းမှာ ဂိုက်လာလုပ်တာ၊ တဣသိုလ်မှာ အမှတ်မထင် နင့်ကိုစတွေ့ကတည်းက နင့်ကိုကြိုက်ခဲ့တာ "
"ရဲရင့်.....ငါ.....ငါလေ..."
" နင်ဖြည်းဖြည်းချင်း စဥ်းစားပါ၊ ငါစောင့်နေပါ့မယ်"
မြူနှင်းစကားမဆုံးသေးခင် ရဲရင့်လှည့်ထွက်သွားသည်။
(ငါ့နှလုံးသားက တခြားတစ်ယောက်ဆီမှာ...နင့်ကို ဘယ်လိုချစ်နိုင်မှာလဲ...)
...............
From: နိုင်
"မြူနှင်း.. ငါက နင့်အတွက် အနှောက်အယှက်ဖြစ်နေလား...
ငါတောင်းပန်ပါတယ်။ နင့်ကို စိတ်ညစ်အောင် လုပ်မိရင်...
နင့်ကို ဆက်ပြီး မနှောက်ယှက်တော့ပါဘူး"
"ဟင်......??"
မနေ့ညက ဖုန်းပါဝါပိတ်ထားသောကြောင့် မြူနှင်းဖုန်းဖွင့်လိုက်သည်နှင့် နိုင့်ဆီက မက်ဆေ့တွေ တန်းစီဝင်လာသည်။
(သူ ဘာအရူးထတာလဲ။ ငါဘာလုပ်မိလို့လဲ၊ ဘာဖြစ်တာလဲ၊)
မြူနှင်း ဖုန်းပြန်ဆက်တော့ မကိုင်။
ВЫ ЧИТАЕТЕ
တစ်ဖက်သတ် အချစ်ဦး (U + Z) Completed