Ep 1

3.3K 316 44
                                    

"ဟ ဘယ်ကောင်ငါ့ကို heatshot ပစ်သွားတာလဲ''

"ဟောဒီကမင်းရဲ့ ပါးပါးကြီးပေါ့ရိပေါ်ရဲ့''

ရိပေါ်အမေးကိုပြန်ဖြေလိုက်သူက သူ့အချစ်ဆုံးသူငယ်ချင်းထဲက တစ်ယောက်ဖြစ်တဲ့ ဟောက်ရွှမ်း။

သူကတော့ သူ့ကိုယ်သူ ဒီလိုပြောတယ်၊
အလန်းလွန် အလွန်လန်း ပျိုမဒီတွေလွမ်းရအောင် အပြောကျွမ်းတဲ့ ဝမ်ဟောက်ရွှမ်းတဲ့။

"ငလူးကောင် ငါ့ကိုအငိုက်ဖမ်းပြီး အနောက်ကနေပစ်တယ်ပေါ့ ဟုတ်လား မိုက်ရိုင်းလိုက်တာကွာ''

"ဟိတ်ကောင် ရှုံးတော့မှ ဘာမှအငိုက်ဖမ်းတာ ဘာညာ
မပြောနဲ့ ဂိမ်းဆော့ရင် ရှေ့ရောနောက်ရောကြည့်ရမှာ မင်းတာဝန်ပဲလေ၊ မင်းဟာမင်း အနောက်ကိုမကြည့်ပဲ ဖင်ခါပြီးရှေ့ကနေသွားနေတာကို နည်းတောင်နည်းသေးတယ်''

"ငလူး နွားလေး''

ဆဲရေးတိုင်းထွာသံတွေက ရိပေါ်တို့ဂိမ်းဆော့နေတဲ့ ရိပေါ်ရဲ့အိပ်ခန်းထဲမှာ ဖြစ်တည်လျက်ရှိတယ်။

ဘေးလူတွေကြားရင်တော့ သူတို့ရဲ့ဆဲဆိုသံတွေကြောင့် လန့်သွားလောက်တယ်ဆိုပေမယ့် ရိပေါ်တို့သူငယ်ချင်းအုပ်စုအတွက်တော့ အဲ့တာကအထူးအဆန်းမဟုတ်တော့ဘူး။

အထက်တန်းတက်စဥ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းလေးယောက်က တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်ကြသလို ဆဲကြပြီဟေ့ဆိုရင်လည်း ဘေးလူမကြားဝံ့မနာသာအောင် ဆဲဆိုလေ့ရှိတာက ပုံမှန်ဆန်တဲ့ဖြစ်ရပ်တစ်ခုပဲ။

ရိပေါ်တို့သူငယ်ချင်းလေးယောက် နှစ်ယောက်တစ်ဖွဲ့ခွဲပြီး PUBGပစ်နေကြတာ။

ရိပေါ်ကအရင်ဦးအောင်စပြီး သေတာမို့ ရိပေါ်နဲ့ဖန်ရှင်းတို့အဖွဲ့ ရှုံးသွားတယ်။

၄ ယောက်စလုံးကလက်ရည်က သိပ်မကွာလှပေမယ့် ရိပေါ်နဲ့ ဟောက်ရွှမ်းကတော့ နည်းနည်းပိုသာတယ်။

ရိပေါ်ကအရင်ဦးအောင် သေသွားနှင့်တော့ ဖန်ရှင်းလဲ ဟိုနှစ်ယောက်ကိုဘယ်နိုင်လိမ့်မလဲ။

"ကဲ ညီလေးရိပေါ်ရေ စိတ်မကောင်းပါဘူး လောင်းကြေးကိုတော့မမေ့နဲ့နော်''

• Raw but Royal •Donde viven las historias. Descúbrelo ahora