Ep 4

1.8K 282 31
                                    


Ep 4

မိန်းမကြိုက်တော့ မျှော်လိုက်တာ၊ ယောကျာ်းကြိုက်တော့ စိုက်စိုက်လာ ဆိုတဲ့စကားကိုကြားဖူးတယ်မဟုတ်လား။

အဲသလိုပဲပေါ့ ဝမ်ရိပေါ်က ဦးလေးကြီးရှောင်းကျန့်ကိုကြိုက်တဲ့အတွက် ဦးလေးကြီးရှောင်းကျန့်ရှိတဲ့နေရာကို သွားရပါတယ်။

ရိပေါ်အခြေအနေက သိပ်မကောင်းဘူးလို့ထင်ရပေမယ့်၊ တအားဆိုးတာတော့လဲမဟုတ်သေးဘူးလေ။

ဒေါ်လေးနဲ့လက်မထပ်ရသေးခင်အချိန်ထိ ဦးလေးကြီးကို ရိပေါ် ပိုးပန်းလို့ရနေသေးသလို ဦးလေးကြီးနေတဲ့အိမ်ကိုလဲ ကိုယ်က သိတာပဲ၊ မကြာမကြာ သွားပေးရမှာပေါ့။

အဲဒါကြောင့်ပဲ ရိပေါ် အချိန်မဆိုင်းပဲ၊ နောက်တစ်နေ့ညနေစောင်းမှာ ရှောင်းကျန့်ဆီကို ချီတက်လာခဲ့တယ်။

အမှန်တော့ မနက်မိုးလင်းကတည်းက သွားချင်နေတာ၊ အိမ်က မာမားက သားနဲ့ ကားမှားနေပုံရကာ ဟိုနားလေးပို့ပေးပါအုံး၊ ဒီနားလေးပို့ပေးပါအုံးဆိုပြီးခိုင်းနေတာနဲ့ ရိပေါ်နှလုံးသားလေးအနားကို မသွားနိုင်ခဲ့ဘူး။

အဲဒီမာမားက တအားဆိုး၊ ပါပါးက အပုံကြီးချမ်းသာတာမို့ သူ့ကိုလဲ ကားအကောင်းစားဝယ်ပေးထားပါရက်နဲ့ အဲဒီကားက ဆီစားတယ်ဆိုပြီး ဆီဖိုးနှမြောဖို့ ခြင်ထောင်ထဲမှာ အဲလေ .. ဂိုထောင်ထဲမှာ အလှကြည့်ထားတယ်။

ပြီးတော့ အပြင်သွားချင်တိုင်း သား ရိပေါ် အလိမ္မာတုံး လိုက်ပို့ပါအုံးဆိုပြီး ချောဆွဲတာ။ မနက်ကလဲ ဈေးပို့ပေးပါ၊ သားကြိုက်တဲ့ ဝက်သားပေါင်း ပေါင်းကျွေးမယ်လေတဲ့။ အဲဒါနဲ့ ဟင်းဖတ်ကြီးရာ မျက်နှာပါပြီး လိုက်ပို့ပေးရတယ်။ နေ့လည် ထမင်းစားပြီး ဦးလေးကြီးဆီသွားမယ်လုပ်ပြန်တော့တစ်ခါ အလှပြင်ဆိုင်လိုက်ပို့ပေးပါအုံးတဲ့လေ။ အမြင်ကတ်ကတ်နဲ့ မာမားစပွန်ဆာဆိုပြီး မျက်နှာကိုပေါင်းတင် ရွှေသွင်းပစ်လိုက်တယ်။

နဂိုကတည်းက ချောပြီးသားဆိုပေမယ့် ပေါင်းတင်ထားတဲ့ နုဖက်အုအက်နေတဲ့မျက်နှာလေးမြင်ပြီး ရှောင်းကျန့် ချက်ချင်းကြွေသွားပါစေဆိုပြီးတော့ပေါ့။

• Raw but Royal •Where stories live. Discover now