Final

2.5K 108 2
                                    

Unicode

အချိန်တွေဟာတရွေ့ရွေ့ကုန်ဆုံးရင်းတပတ်ဆိုတဲ့ကာလတခုကိုဖြတ်သန်းခဲ့လေပြီ။ဒီတပတ်အတွင်းမှာ ရိပေါ်နဲ့ရှောင်းကျန့်ရဲ့ဆက်ဆံရေးက ဟိုမရောက်ဒီမရောက်အဆင့်ကိုတိုးတက်လာခဲ့တယ်။ဒါပေမယ့်စိတ်ထဲမှာတော့ကျန့်ကောကအခုထိသူ့ကိုရှောင်နေတုန်းပဲလို့ထင်နေတယ်။ဥပမာ ရိပေါ်ကကောကိုအိမ်ပြန်လိုက်ပို့ပေးချင်ပေမယ့် ကျန့်ကောကအတင်းငြင်းလွှတ်တာမျိုးပေါ့။အဲ့လိုအချိန်မျိုးဆိုဝမ်ရိပေါ်တို့ပေါက်ကွဲပြီး အိမ်မှာတဝိုင်းကစ်ပစ်လိုက်တာပဲ။ သိတဲ့အတိုင်း ဟောက်ရွှမ်းနဲ့ကျိုးချန်ဆိုတာကလည်း ရိပေါ်ကိုထိန်းမရရင်အတူလိုက်ကဲမယ်ဆိုတာမျိုး။ဒါပေမယ့် ဝမ်ရိပေါ်တယောက်မေ့နေတာကတော့ အခုချိန်မှာသူဟာတက္ကသိုလ်ကျောင်းသားဝမ်ရိပေါ်မဟုတ်တော့ပဲ Popular Star Tracer 85 ဖြစ်နေပြီဆိုတာပေါ့။

"ကျန့်ကော ဒါပြီးရင်ကျွန်တော့ schedule ကဘယ်လဲ "

Training ဆင်းနေရာကခဏနားရင်းမေးလာသူကဝမ်ရိပေါ်။ ​​​​​​ေရှာင်းကျန့်ကအနည်းငယ်ချွေးစို့နေတဲ့ကောင်ငယ်လေးရဲ့ပါးပြင်ကို wet tissue နဲ့ ခပ်ဖွဖွ သုတ်ပေးလိုက်တယ်။

"မရှိတော့ဘူး off "

ရှောင်းကျန့်ရဲ့စကားသံအဆုံးရိပေါ်ရဲ့နှုတ်ခမ်းတွေကအနည်းငယ်ကွေးတက်သွားတယ်။

"ဒါဆို ကျွန်တော်တို့ Date ကြမလား"

ဝမ်ရိပေါ်ကသူ့မျက်နှာနဲ့အနီးဆုံးမှာရှိနေတဲ့ရှောင်းကျန့်ကိုကြည့်ရင်းပြီတီတီနဲ့မေးလိုက်တာဖြစ်တယ်။

ရိပေါ်စကားကြောင့် ရှောင်းကျန့်ကအနည်းငယ်ကြောင်အသွားပေမယ့်အသိဝင်လာချိန်မှာတော့ ရိပေါ်လက်မောင်းတွေကို တဖြောင်းဖြောင်းရိုက်ပါတော့တဲ့။

ဝမ်ရိပေါ်ကတသိမ့်သိမ့်တုန်​​အောင်
ရယ်ရင်းပြောလိုက်တယ်။

"ကျန့်ကောကလွန်ခဲ့တဲ့လေးနှစ်ကအတိုင်းရှက်ရမ်းရမ်းရင်ဒေါသကြီးနေတုန်း"

ရိပေါ်စကားအဆုံးရှောင်းကျန့်ကငြိမ်သက်သွားပြီး မျက်ရည်တွေဝေ့လာတယ်။ဒါကိုမြင်တဲ့အခါမှာ ဝမ်ရိပေါ်က ရှောင်းကျန့်ကိုကျုံးဖက်ပြီး နားနားကပ်ကာဆိုလေတယ်။

Falling in Love with my Ex ||Complete||Where stories live. Discover now