Part-5♡

1.8K 121 0
                                    

Part-5

Zawgyi

မနက်​ခင်း​နေ​ရောင်​ခြည်​စူးစူးက ​ရှောင်​ကျန့်​မျက်​နှာ​​ပေါ်သို့ဖြာကြ​နေသည်​။အလုပ်​နားရက်​ဖြစ်​၍​ရှောင်​ကျန့်​တ​ယောက်​အိပ်​ရာထဲတွင်​အပျင်းတစ်​​နေခြင်းဖြစ်​သည်​။

Konck...knock...

ရုတ်​တရက်​​ပေါ်လာ​သောတံခါး​ခေါက်​သံ​ကြောင့်​ ​ရှောင်​ကျန့်​တ​ယောက်​မထချင်​​သော်​လဲ အိပ်​ရာမှကုန်းကျုံးထကာ တံခါးဆီသို့ယိုင်​တိယိုင်​တိုင်သွား​လေသည်​။တံခါးဖွင့်​လိုက်​သည်​နှင့်
ထွက်​​ပေါ်လာသည်​ မစိမ်းသည့်​မျက်​နှာနှင့်​အတူကျယ်​​လောင်
သောဆဲဆိုသံ

'Yarr! ​ရှောင်​​ရှောင်းကျန့်​...မင်းငါမိုးလင်းထဲကဖုန်းဆက်​​နေတာ..ငါ့ကိုေ*ာက်​ဖတ်​​လေးဘာ​လေးလုပ်​အုံး´

သူငယ်​ချင်းဖြစ်​သူ့စုံကျိယန်​၏ စကားအဆုံး​ရှောင်​ကျန့်​က က​လေးတ​ယောက်​သဖွယ်​မျက်​လုံးများပိတ်​သွားသည်​အထိပြုံးပြ​လေ၏။မည်​သူကဒီအပြုံးကိုမြင်​ပြီးထပ်​​အော်​ရက်​မည်​နည်း။ကျိယန်​လဲထိုနည်းတူစွာ ​ထွက်​​နေ​သော​ဒေါသများသည်
တမဟုတ်​ချင်း​ပျောက်​ကွယ်​သွား​တော့သည်​။ရှောင်​ကျန့်​က

'​ဆောရီး ငါဒီ​နေ့မှနားရက်​ရလို့ silent လုပ်​ထားလိုက်​မိတာ´

ထိုအခါမှ ကျိယန်​က​မျက်​​စောင်းတထိုးထိုးဖြင့်
'ဝမ်​ရိ​ပေါ် နဲ့အလုပ်​လုပ်​ရတာဘယ်​လို​နေလဲ´ဟူ၍​မေးလာ​လေ၏။
'မင်းနဲ့မင်းအချစ်​ကြီး​ကျေးဇူး​တွေ​ပေါ့ ...ဟွန့်​မဆုံချင်​လို့ ၄နှစ်​​လောက်​​ရှောင်​​နေပါတယ်​ဆိုမှဘဲ...´​ရှောင်​ကျန့်​ကစူပုတ်
ပုတ်​​ပြောလာ​လေ၏။ရှောင်​ကျန့်​ပုံစံ​ကြောင့်​ကျိယန်​ကတဟားဟားရယ်​​တော့သည်​။

'ဟားဟား...ငါတို့ကိုစိတ်​ဆိုးချင်​ရင်​လဲ ခဏ​နေ​ဟောက်​ရွှမ်းလာမှ​ပြော ခု​တော့မျက်​နှာသွားသစ်​လိုက်​အုံး သ​ရေ​တွေနဲ့
ခွီး...´

ကျိယန်​​ပြောမှ​ရှောင်​ကျန့်​လဲ မျက်​နှာမသစ်​ရ​သေးတာသတိရပြီး​ရေချိုးခန်းထဲသို့ အ​ပြေးသွား​​လေသည်​။

Falling in Love with my Ex ||Complete||Where stories live. Discover now