Part-6♡ (continue chap)

1.7K 111 1
                                    

Hey i'm back with sweet moments!

Click vote before u leave.

Zawgyi

'ဝမ်​ကျိုးချန်​! မင်း ငါ့ကိုကန်​ချတယ်​ !!´

ဝမ်​​ဟောက်​ရွှမ်းရဲ့​ဒေါသတကြီး​အော်​သံ​ကြောင့်​ကျိယန်​​နိုးလာခဲ့သည်​။မျက်​လုံးဖွင့်​လိုက်​သည်​နှင့်​ ကြမ်​ပြင်​​ပေါ်ထိုင်​ပြီး​ဒေါသတကြီး​အော်​​နေသည့်​ ​ဟောက်​ရွှမ်းနှင့်​ ​ပြောင်​စပ်​စပ်​နှင့်​​ရေချိုးခန်းထဲဝင်​သွား​သော ဝမ်​ကျိုးချန်​၊ မုန့်​စားရင်းထိုင်ရယ်​​​နေ​သော ဝမ်​ရိ​ပေါ်တို့ကို​တွေ့လိုက်​ရသည်​။

ကျိယန်​အတွက်​ဒီအ​ခြေအ​နေကမဆန်း​တော့ပါ။ဝမ်​ညီအကိုသုံး​ယောက်​ရဲ့ဒီပုံစံကို​လေးနှစ်​​လောက်​ကြုံ လာပြီးပြီဖြစ်​၍အသားကျ​နေပြီဖြစ်​သည်​။ ကျိယန်​လဲကုန်းကြုံးထပြီးအ​ပေါ်ထပ်​သို့​ရေချိုးရန်​တက်​လာခဲ့သည်​။ ထုံးစံတိုင်း​ဟောက်​ရွှမ်းက​နောက်​က​ကောက်​​ကောက်​ပါ​အောင်​လိုက်​လာတာ​ပေါ့။

တအံ့တသြဖြစ်​​နေသူက​တော့ ​ရှောင်​ကျန့်​သာ။ ​ကျောင်းတွင်​ မာနတခဲသားနှင့်​​နေ​သော ဒီညီအကိုသုံး​ယောက်​သည်​အခုတွင်​​တော့လွတ်​လပ်​​ပေါ့ပါး​နေကြသည်​။သူ့အကို​တွေကိုကြည့်​ပြီးပြုံးရယ်​​နေ​သော ရိ​ပေါ်သည်​လည်း ဖြူစင်​လှသည်​။ရှောင်​ကျန့်​​တွေးလိုက်​မိသည်​က ​လေးနှစ်​အတွင်းဒီက​လေး ​တော်​​တော်​​ပြောင်းလဲသွားတာပဲ။ရှောင်​ကျန့်​အ​တွေးတို့မှမဆုံးလိုက်​ ရိ​ပေါ်ထံသို့​ဖုန်းဝင်​လာသည်​။ contact name ကိုမသိမသာကြည့်​လိုက်​​တော့ 'ကွမ်း​ရှောင်းထုံ´။ ​အော်​ လို့သာမှတ်​ချက်​ချလိုက်​သည်​။ ​ရှောင်​ကျန့်​ထိုမင်းသမီးကိုသိပါသည်​။ ကြိုက်​လားဆို​တော့မကြိုက်​ပါ။ အဓိကက သူ့ပုံစံက တမျိုး​ဖြစ်​​နေ​သော​ကြောင့်​မကြိုက်​ချင်းဖြစ်​သည်​။ ရိ​ပေါ်ကိုကြည့်​လိုက်​​တော့​ရေခဲရိုက်​မျက်​နှာနှင့်​ 'အင်း´ တစ်​လုံးကိုသာ ​ပြော
နေသည်​။ ​ရှောင်​ကျန့်​ငေးမိ​နေစဉ်​ ​မိမိအားလှည့်​ကြည့်​လာ​သော ရိ​ပေါ်​ကြောင့်​ မျက်​နှာတစ်​ခုလုံးပူထူသွားသည်​။

Falling in Love with my Ex ||Complete||Where stories live. Discover now