Thoon Khit (1)(Z+U)

61.1K 1K 21
                                    

ဒီနေ့တော့  Shooting တရက်လုံးမရှိလို့ လိုအပ်တာတွေ၀ယ်ဖို့အတွက် အိပ်ယာနိုးလို့ ရေမိုးချိုးပြီးတာနဲ့ထွက်လာခဲ့သည်။

မနက်စာကိုလဲ အပြင်မှာစားဖို့တွေးထားလိုက်တယ်။မနက်စာသာပြောတာပါ နေ့လည် ၁၁ ပဲခွဲနေပြီ နေ့လည်စာပေါ့။ဒါပေမယ့်လဲ ကြက်ကြော်ပဲစားဖို့ဆုံးဖြတ်ပြီ LOTTE ထဲ၀င်လိုက်သည်။

ကိုးကကြက်ကြော်အရမ်းကြိုက်တာ။
ဒါမို့သူငယ်ချင်းမတွေက ကြက်ကြော်အရမ်းစားလို့ လိင်တူကြိုက်တာလို့ စကြတာကိုသတိရသေး။

မတွေ့ရတာကြာလို့ အဲ့အနှောက်မတွေနဲ့ တစ်ရက်လောက် Date ရမယ်လို့လဲတွေးထားလိုက်သည်။
အတွေးထဲမြောနေခိုက်

"ဟို ဒီမှာထိုင်လို့ရမလား"  

အသံလာရာကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်။Jean ခါးရှည်ကို crop top တိုတိုလေးနဲ့ တွဲ၀တ်ထားတဲ့ကောင်မလေး။
Mask တပ်ထားလို့ဘယ်သူမှန်းမသိပေမယ့် body အတော်လှတာတော့သိသည်။

Crop top နဲ့ Jean ကြားကလွတ်နေတဲ့ဗိုက်သားလေးက အလယ်မြောင်းလေးက အားကစားလိုက်စားမှန်းသိသာနေသည်။
ရင်ပြည့်ပြည့် ခါးသေးသေးက အနည်းငယ် ပြည့်တဲ့တင်ပါးနဲ့ ပနံသင့်နေသလို ရိုးရိုးလေးနဲ့လိုက်ဖက်အောင်လဲ၀တ်ထားသဖြင့် ငေးသွားရသည်။

"ဟေး ....ထိုင်လို့ရလားလို့
မျက်လုံးကြီးလဲ လာကပ်နေပါဦးမယ် ယူရယ် ဟဟ"

သူပြောမှ ကိုးလဲ ငမ်းတာလူမိသဖြင့်ရှက်ကိုးရှက်ကန်းဖြစ်ပြီး

"အာ....ထိုင်လို့ရပါတယ် sry မြင်ဖူးသလိုရှိလို့ကြည့်နေမိတာ စိတ်မရှိပါနဲ့"
လို့ တောင်းပန်လိုက်တယ်။

"ရပါတယ်ကွာ တို့ကစလိုက်တာ ဟီး မြင်ဖူးတာသေချာလို့လား" မေးပြီး တပ်ထားတဲ့ mask ကိုဖြုတ်လိုက်တော့မှ သွန်းခေတ် ဆိုတဲ့ မင်းသမီးပေါက်စလေးဖြစ်နေတာသိရတယ်။

ကိုး သူ့ကိုသိတယ်။သွန်းခေတ်က ပြိုင်ပွဲကနေ တက်လာတာမလို့။ပြိုင်ပွဲတုန်းက ပြိုင်ပွဲ၀င်တွေရဲ့ပုံတွေကို ရိုက်တဲ့ သူငယ်ချင်းကောင်က အူအတက်ပေါက်ပြီးဆေးရုံတင်ရလို့ သူ့ကိုကူပေးပြီး လိုတာတွေသွားရိုက်ပေးခဲ့တာ။ရိုက်လက်စကိုအဆုံးသတ်ပေးတာမလို့ သူတို့တွေနဲ့အရမ်းမရင်းနှီးပေမယ့် မျက်မှန်းတမ်းမိပါတယ်။

Photographer ကျွန်မနှင့် Model များ🔞(U+Z)Where stories live. Discover now