Part 5(U+Z)

48.1K 843 21
                                    

ကိုကိုး Gym ဆော့နေရင်း တနေ့ကလက်ခံထားတဲ့ fitness ​ကြော်ငြာအတွက် စဥ်းစားနေမိသည်။

Customer က model ကို မရွေးထားပဲ ကိုကိုးစိတ်ကြိုက်သာ ရွေးချယ်ပြီးအကောင်းဆုံးလုပ်ပေးပါဆိုပြီး အပ်ထားတာကြောင့် ရိုက်မယ့် model ပါ ကိုယ့်ဘာသာ စီစဥ်နေရခြင်းဖြစ်သည်။ဒီလိုမျိုး ကိ်ုယ့်ကိုယုံကြည်လို့ဆိုပြီး ကိုယ့်စိတ်ကြိုက်လုပ်ခိုင်းတာတွေက သူတို့ရွေးချယ်ပေးတာထက် နည်းနည်းပိုပြီး pressure များတယ်။

သူတို့ရွေးချယ်ထားတဲ့ model ကိုပဲ ရိုက်ရရင်ကျ အဲ့ဒီ့ model ကိုပဲအလှဆုံး သဘာ၀အကျဆုံးဖြစ်အောင်ရိုက်ပေးရုံပဲ ကိုယ့်စိတ်ကြိုက်ဆိုရင် ကိုယ်ကလဲ အကောင်းဆုံးတွေပဲပေးချင်တာမလို့ အမိမိုက်ဆုံးဖြစ်မယ့်သူကိုရွေးရသည်။

လိုချင်တာ အနည်းငယ် strong ဖြစ်ပြီး ၀မ်းဗိုက် muscle ရှိတာမျိုးမလို့ သက်သစ်စ model လေးတွေထက် အရင်ရှိပြီးသား model ကိုပဲသုံးဖို့စဥ်းစားမိတယ်။အသစ်လေးတွေရဲ့ body structure က အဆီမရှိ၊ လှပေမယ့်လို့ strong သိပ်မဖြစ်ပေ။
စဥ်းစားမိတဲ့တစ်ယောက်တော့ရှိသည်။

၀သုန်လွှမ်း ဆိုတဲ့ ကောင်မလေး။ သူမက model လောကထဲမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး နာမည်ကြီးလာသူဖြစ်သည်။နာမည်ရတာမကြာသေးပေမယ့် သူမရဲ့ ရှင်းလင်းပြီးတိကျပုံပေါက်တဲ့ မျက်နှာ၊ရှုတည်တည် မျက်နှာဘေးနဲ့ တောင့်တင်းတဲ့ body ကြောင့် Runway တွေအမြောက်မြားလျှောက်နေရတဲ့အပြင် Action movie တွေပါ ရိုက်ကူးနေပြီဖြစ်သည်။

ထိုဇာတ်ကားက trailer ထွက်ထားပြီးနောက် အားပေးမှုတွေရထားကာ မကြာခင်ထွက်လာတော့မှာမလို့ အခု fitness ကြော်ငြာပုံတွေနဲ့ဆို ပရိသတ်တွေ သဘောကျကြမည်မှာမလွဲပေ။

Gym ကအပြန်တော့ ၀သုန်လွှမ်းကို ဆက်သွယ်ရမည်။
-----------------------------------------------------------

ညရောက်တော့ ကိုကိုး ig ကနေပဲ ၀သုန်လွှမ်းကိုစာပို့လိုက်သည်။

"Hey"
"Hello မခြူးကိုကိုး"

ခနနေတော့ စာပြန်လာသည်။မခြူးကိုကိုးတဲ့လား:3

"အယ် သက်တောင့်သက်သာပဲခေါ်ပါဗျ"
"ဟဟ ဒါဆိုလဲ သူများတွေလို ကိုကိုးပဲခေါ်မယ်နော် သုန်သုန့်ကိုတော့အဆင်ပြေသလိုခေါ်ပါ"

Photographer ကျွန်မနှင့် Model များ🔞(U+Z)Where stories live. Discover now