Noe Noe May

70.1K 995 242
                                    

ကိုး ဓာတ်ပုံတွေကို retouch လုပ်နေရင်း လက်က ကော်ဖီခွက်ကိုမကြည့်ဘဲ လှမ်းကိုင်လိုက်သည်။
ကော်ဖီခွက်ပေါ်က ခပ်ဖောင်းဖောင်း အထိအတွေ့ကြောင့် မော့ကြည့်မိတော့ နိုး ဖြစ်နေသည်။

"ဟော နိုးပါလား ဘယ်တုန်းထဲကရောက်နေတာလဲ
ကိုယ်သတိမထားမိလိုက်ဘူး"

"ပိစိလေးတော့ကြာပြီ ဟီး ကိုကိုး အလုပ် လုပ်နေတာ အာရုံပျက်မှာဆိုးလို့သာမခေါ်ဘဲနေတာ"

"တံခါးက ကြီးကြီးဖွင့်ပေးတာလား"

"ဟုတ် ကိုကိုးရှိလားမေးတော့ ရှိတယ် မနက်ထဲကအလုပ်လုပ်နေတာ ၀င်သွားလို့ပြောလို့ အရင်က ကိုကိုးတစ်ယောက်ထဲနေတာဆို "

"အင်း ကြီးကြီးက အရန်ဟင်းတွေလာချက်ပေးနေတာ တစ်ပတ်တစ်ခါ လောက်တော့ လာတက်တယ် နိုးလာမယ်ဆိုတာလဲ ကြီးကြီးကို ပြောထားတာမလို့"

"အော် ဒါမို့ ဘာမှမမေးဘဲ တံခါးဖွင့်ပေးပြီး၀င်သွားခိုင်းတာကိုး ဟီး...."

သွားလေးဖြဲကာ ပြုံးပြီးပြောနေသောသူမလေးက ကိုးနဲ့စတွေ့တုန်းကထက် လူသိများလာသော model မလေးတစ်ယောက်ပင်ဖြစ်နေပြီ ဖြစ်သည်။

ပုရိသတွေကြားထဲမှာလဲ နိုးနိုးမေကို အလွန်အကြူးကြိုက်နေကြသူများလဲ ရှိကြောင်း ကိုးသိထားပါသည်။ သူမလေးရဲ့စွဲမက်စရာခန္ဓာကိုယ်​ကောက်ကြောင်းနဲ့ ညှို့အားကောင်းတဲ့မျက်လုံးအကြည့်တွေကြောင့် မြန်မာနိုင်ငံတင်မကဘဲ ထိုင်းနှင့် ဗီယက်နမ် ကဲ့သို့နိုင်ငံများက cup E page များကပင် ဖော်ပြနေကြပြီဖြစ်သည်။

"နိုး အေးဆေးမှပြန်မှာမလား ညအိပ်ဦးမှာလား"

"ညအိပ်လဲရတယ် အေးဆေးပဲ ဒီနေ့အကုန်နားထားတယ်"

"အိုခေ နိုး အလုပ် လက်စသပ်ဦးမယ် အချိန်ခဏပေး"

"အေးဆေးလုပ်"

ပြောကာ ရေချိုးခန်းထဲ၀င်သွားလေသည်။

နိုးနဲ့ကိုကိုးက သိတာသိပ်မကြာပေမယ့် အခြားသူများထက်ပိုရင်နှီးသည်။ နိုးကပွင့်ပွင့်လင်းလင်း နေတက်ပြီး စိတ်ထားပြည့်၀သည့် ကောင်မလေးဖြစ်တာမို့ သူနဲ့ဆို ပေါ့ပေါ့ပါးပါးနဲ့ နေရတာအဆင်ပြေလှသည်။

Photographer ကျွန်မနှင့် Model များ🔞(U+Z)Where stories live. Discover now