Part-1💛

11.2K 494 108
                                    

Unicode Ver:

မနက်စောစောစီးစီး ထယ်ယောင်းအိမ်သို့ Jk ရောက်နေသည်...အကြောင်းမှာ Jk ချုပ်ပေးသည့်အဝတ်အစား များနှင့် မင်းသားနှစ်ယောက် ဓာတ်ပုံရိုက်ရန် ရှိသောကြောင့်

Jk-ထယ်ယောင်းရေ ထယ်ယောင်း....

Jkလည်း အိမ်အဝတွင် ထယ်ယောင်းအားအော်ခေါ်နေသောကြောင့်

Tae's mother- သားရေ Jk လာလေကွယ် မင်းသူငယ်ချင်း ငပျင်းကတော့ မနိုးသေးဘူး မင်းကိုယ်တိုင်ပဲ သွားနှိုးလိုက်ပါတော့ကွယ်

Jk-ဟုတ်ကဲ့ အန်တီ အာ့ဆိုကျွန်တော် တက်သွားလိုက်မယ်

Tae's mother-အေးအေး သားလေး

Jk လည်း ထယ်ယောင်းအား နှိုးရန် သူ့အခန်းထဲ ဝင်သွားလိုက်တော့...စောင်ပုံထဲတွင် ကွေးကွေးလေး အိပ်ပျော်နေသော ကောင်လေး သေချာကြည့်မိတော့မှဒီကောင်လေး တော်တော်လှသည် မျကခုံးမွှေး ထူထူလေး မျက်တောင်ရှည်ရှည်လေး စသဖြင့် တစ်ခုမှ အပြစ်ပြောစရာမရှိ...ထိုစဉ် သူ့ရင်ထဲ အမည်မသိသော ခံစားချက်တစ်မျိုး ဖြစ်ပေါ်သွားသည်....

Jkလည်း "ဟာ သူနဲ့ငါနဲ့က သူငယ်ချင်းပဲလေ"....ဟူ၍ ထယ်ယောင်းအားနှိုးရန် ပြင်တော့သည်...

Jk-ထယ်ယောင်း ထယ်ယောင်း ထတော့ ငါတို့နောက်ကျနေပီ

Tae-ဟမ် ဘယ်ကောင်လဲ

Jk-မင်းလင်ဟေ့ မင်းလင် ထပါတော့ နောက်ကျတော့မယ်

Tae-ဟမ် အော် jk လား အေးအေး ထပီထပီ အောက်မှာစောင့် ရေချိုးပီးဆင်းခဲ့မယ်

Jk-အေးအေး ပီးရော...

Jk လည်းအောက်သို့ဆင်းခဲ့လိုက်သည်...

Tae's mother-သားလေး မနက်စာစားခဲ့လား

Jk-မစားခဲ့ဘူး အန်တီ

Tae's mother-အာ့ဆို ထယ်ယောင်းလေးနဲ့ တူတူလာစားလိုက်လေ ဟိုရောက်ရင် ဗိုက်ဆာနေမယ်...

Jk-Nae...

ထယ်ယောင်းလည်း ရေချိူပီး ဆင်းလာတော့ သူ့အားကြောင်ကြည့်နေသော Jk..

Jkလည်း အပေါ်ထပ်မှ ဆင်းလာသော ထယ်ယောင်းအား ငေးကြည့်မိသည် ..ရှပ်အကျီ အဖြူလက်ရှည်လေးနဲ့ ဂျင်းပြာ လေးကိုတွဲ ဝတ်ထားတာကြောင့် ရိုးရှင်းသော်လည်း အလှကပေါ်လွင်၍နေသည်...

Unacceptable Love(Completed)Where stories live. Discover now