Part-2💛

4.7K 331 41
                                    

Unicode Ver:

Jimin နှင့် ထယ်ယောင်းတို့လည်း shopping   mall သို့ထွက်ခဲ့သည်....တကယ်တော့ သူဝယ်စရာမရှိပါ ..ထယ်ယောင်း စိတ်ညစ်နေမှန်း သိလို့ ပထုတ်လာခြင်း...

Jimin-ထယ်ယောင်း စတော်ဘယ်ရီ သွားသောက်ရအောင် ငါသောက်ချင်လို့

Tae-အင်းးးး

ထယ်ယောင်း အင်း တစ်လုံးသာ ပြောသောကြောင့် ဘယ်လောက် စိတ်ညစ်နေမှန်း သူရိပ်မိပါသည်....

ဆိုင်သို့ရောက်တော့ စတော်ဘယ်ရီ တစ်ယောက်တစ်ခွက်မှာလိုက်သည် ဒါတောင် ကိုယ်တော်က မသောက်ဘူးလုပ်နေ၍ မနဲတိုက်ရသည်...

Tae-Jimin  မင်းဝယ်စရာတွေရှိတယ်ဆို

Jimin လည်း ထယ်ယောင်းနားသို့ တိုးသွားလိုက်ပီး

Jimin-တကယ်တော့ ဘာမှဝယ်စရာမရှိဘူး မင်း ငိုချင်နေမှန်းသိလို့ Jkလုပ်ရပ်ကို မခံစားနိုင်မှန်းသိလို့ ငါတမင်ခေါ်ထုတ်လာတာ ငါမခံစားတတ်ပေမဲ့ ကိုယ်ချင်းစာပေးလို့တော့ရတယ် ထယ်ယောင်းရယ်

Tae-အီးဟီးးးး ငါတကယ်မခံစားနိုင်ဘူး Jimin ရာ သူလုပ်ရက်တယ် သူက Actor တွေက်ုပဲ ချုပ်ပေးတာလေ အခုကျမှ မင်းသမီးတစ်ယောက်ကို ချုပ်ပေးမယ်တဲ့လား ပြီး... ပြီးတော့ အဲ့တစ်ယောက်က Jkကိုရိုးရိုးသားသား ပြောတာ မဟုတ်မှန်းမင်းလည်း သိသားပဲ သူ Jk ကိုလိုချင်တာနေမှာ လူကောင်းသူကောင်းလေးဆို ငါမပြောပါဘူးကွာ အခုဟာက မိန်းမပျက်လိုမျိုးကြီး‌ကွ ငါစွန့်လွှတ်ရရင်တောင် သူကောင်းစားမှ စွန့်လွှတ်ချင်တာပါကွာ ...

ထယ်ယောင်းလည်း ပြောလည်းပြော ငိုလည်းငိုတော့သည်..Jimin လည်း ထယ်ယောင်းအား ဖက်ထားလိုက်ပီး

"ငိုလိုက်ပါ ထယ်ယောင်း ငိုပီးရင်မေ့နိုင်အောင်လုပ်ပါ ငါတကယ်စိတ်မကောင်းဘူးကွာ".....ဟူ၍

ထိုအခြေအနေကို ကြည့်နေသူ Suga
Suga လည်း Jk ပြန်သွားတော့ ထယ်‌ယောင်းအား စိတ်ပူသည်ကတစ်ကြောင်း Jimin အားစိတ်မချသည်က တစ်ကြောင်းကြောင့် သူတို့ Shopping ထွက်နေကျနေရာသို့ လိုက်သွားမိသည် ရှိများရှိမလား ဟူ၍....

သူရောက်သွားတော့ ဖျော်ရည်ဆိုင်ထဲမှာ တစ်ယောက်နှင့်တစ်ယောက် ဖက်ကာ ငိုနေသော ထယ်ယောင်း...သူလည်း အနားသို့သွားလိုက်ပီး...

Unacceptable Love(Completed)Where stories live. Discover now