Part-3💛

3.7K 310 115
                                    

Unicode Ver:

Next morning:;

Jk တစ်ယောက် အိပ်ရာကနေ နိုးထလာခဲ့သည် သောက်ထားတဲ့ အရှိန်ကြောင့်မို့လို့ ခေါင်းတွေ တအားထိုးကိုက်နေသည်....

ထို့ကြောင့် သူအလုပ်မသွားချင်ပါ..သို့သော်လည်း သူသဘောကျရတဲ့ တစ်ဦးတည်းသော မိန်းကလေး Cha Shier နှင့် အကျီ ကိုယ်တိုင်းယူမည်ဟုပြောထားသောကြောင့် သူသွားချင်နေမိသည်...

ထို့ကြောင့် ‌အိပ်ရာထဲမှ ထလိုက်ပီး ရေချိုးလိုက်သည်...ထို့နောက် အကျီ ကျကျနန ဝတ်ပီး ရေမွှေးဘာညာစွတ်ကာ စမတ်ကျအောင်ပြင်ဆင်ပီး အိမ်ကထွက်ခဲ့သည်....ချိန်းထားသော အချိန်ရောက်ဖို့ နှစ်နာရီလိုသေးသော်လည်း သူ့စိတ်က‌တော့စောသည်မထင်...ရုံးနားရောက်ခါနီး ကော်ဖီထိုင်သောက်နေလိုက်သည်...

At Tae's sight:;

Taehyung တစ်ယောက် မနေ့ကတစ်ညလုံးငိုထားရသည်မို့...ခေါင်းတွေကိုက်နေသည်...ခါတိုင်း ငိုရင်ကိုက်ပေမဲ့ ဒီလောက်တော့ မဆိုးပါ...အခုက အမြဲတမ်း အိပ်ချင်နေသလိုဖြစ်နေသည်...သို့သော်လည်း အလုပ်ရှိသေးသည်မို့..မထချင်လည်း ထရတော့မည် ဖြစ်သည်...ထယ်ယောင်းတစ်ယောက်ရေမိုးချိုးပီး အောက်ဆင်းလာတော့ ထမင်းစားပွဲမှာထိုင်စောင့်နေသော သူ့အကို...

Hs-Hyung ကထယ်လေး ပင်ပန်းလာထင်လို့မနှိုးတာ ထယ်လေးက အစောကြီးနိုးလာတာပဲ

Tae-ဟုတ်တယ် ဒီနေ့ Cha Shier ကို ဓာတ်ပုံရိုက်ပေးဖို့ရှိတယ်လေ...

Hs-jk ကသူနဲ့အလုပ်တွဲလုပ်တယ်ဆို အက်မင်းသမီးက အဆင်မပြေဘူးနော် အခုတောင် Jk နဲ့သူနဲ့က ဘာလိုလို ဆိုပီး လိုက်ဖွနေတယ်

Tae-ထားလိုက်ပါဗျာ ထမင်းစားကြတာပေါ့...

Taehyung လည်း မတွေးချင်တာမို့လို့ ထမင်းစားနေလိုက်သည် သို့သော်လည်း သူစိတ်မချပါ...

Hoseok မှာလည်း ထယ်ယောင်းကို ထုတ်သာမပြောတာ ထယ်ယောင်း Jkကိုကြိုက်နေမှန်းရိပ်မိပါသည်...တမင် မသိချင်ယောင်ဆောင်နေခြင်း...သို့သော်သူမသိသည်က ထယ်ယောင်းအား Jk နှိပ်စက်နေသည်ကို...

  ဒီနေ့က ရိုးရိုးဓာတ်ပုံရိုက်မှာဖြစ်သောကြောင့် သရုပ်ဆောင်၊ဒါရိုက်တာ၊စာရေးဆရာ တွေ မလိုပေမဲ့လည်း Jimin ကတော့ လာခဲ့မည်ပြောသည်...အကြောင်းမှာ ထယ်ယောင်းကို Jkတစ်ခုခု လုပ်မှာစိုးသောကြောင့်...

Unacceptable Love(Completed)Onde as histórias ganham vida. Descobre agora