Part9

1.3K 99 3
                                    

#ရေချိုးဆောင်သို့ရောက်သော်#
"မင်းတို့ထွက်သွားလို့ရပီ"၀မ်ဘုရင်မှ ရေချိုးကူရန်စောင့်နေသောကုန်းကုန်းများကိုပြောလိုက်ခြင်းဖြစ်သည်
"တင်ပါ့ ဘုရား" ဟုဆိုကာအစေခံများထွက်သွားလေသည်။
အမည်းရောင်ပေါ်တွင်ရွှေရောင်အနားများကွပ်ထားသောဝတ်ရုံအား ခါးစည်းကြိုးဖြုတ်ထားသော၀မ်ဘုရင်၏  ယောကျာ်း
ပီသလှသောရင်အုံနှင့် ၀မ်းဗိုက်ကြွက်သားများသည်ကား အရိုင်းဆန်လှစွာ ရှောင်းဖေးအားထိကပ်နေပေသည်။(ဆိုလိုချင်တာကတော့၀မ်ဘုရင်ကအကျင်္ီကြိုးဖြုတ်ထားပီးရှောင်းဖေးကိုချီထားတော့ကွာ သူ့ရဲ့ ရင်ဘတ်နဲ့ပေါင်မုန့်တွေက ရှောင်းဖေးနဲ့ထိနေတဲ့သဘောပါနော်)

၀မ်ဘုရင်သည်ကားရှောင်းဖေးအားချီထားလျက်ပင်ပန်းပေါင်းမျိုးစုံ၏ပွင့်ဖတ်များအမွှေးနံ့သာများဖြင့်စိမ်ထားသောရေချိုးကန်ထဲသို့ဆင်းလေသည်ထို့နောက်ရှောင်းဖေးအားမိမိပေါင်ပေါ်တွင်သာတင်လျက်နောက်ကျောမှဖက်ထားကာရှောင်းဖေး၏ဘယ်ဘက်ပုခုံးပေါ်သို့မေးတင်ထားလေသည်။
"ရှောင်းဖေးရဲ့ကိုယ်သင်းနံ့ကအရမ်းမွှေးတာပဲ"ဟုဆိုကာရှောင်ဖေး၏လည်တိုင်အားပွတ်သပ်နမ်းရှိုက်နေလေသည်။
"ရူးနေလား မင်းရနေတာပန်းပွင့်နံ့လေ"
"ဟင်း မဟုတ်ဘူးဒီလိုပန်းနံ့လောက်ကတော့ကိုယ်တော့်ရှောင်ဖေးရဲ့ကိုယ်သင်းနံ့ကိုဘယ်ယှဥ်နိုင်ပါ့မလဲ"

"စကားတော်တော်တတ်ပါလား"
"ကို်ယ်တော်တကယ်ပြောတာပါ"
"စကားနဲ့ပဲပြောလေ ဘာလို့အောက်ကထောင်လာတာလဲ တဏှာရူးရဲ့"ဟုဆိုကာ၀မ်ဘုရင်၏ပေါင်ပေါ်မှထ​ကာ ရေချိုးကန်၏တစ်ဖက်ခြမ်းသို့ပြေးလေသည်။
"ဟီးဟီး မပြေးနဲ့လေရှောင်းဖေးကလည်း ကိုယ်တော့်ကိုဒီတိုင်းကြီးထားခဲ့မလို့လား"ဟုဆိုကာရေချိုးကန်၏တစ်ဖက်ခြမ်းတွင်ရှိသောရှောင်းဖေးအားလိုက်လံဖမ်းလေသည်။
"မင်း ကိစ္စမင်းရှင်းလေ ဘာလို့လိုက်ဖမ်းနေတာလဲအရူးရဲ့" ဟုဆိုကာမိမိနားသို့ချဥ်းကပ်လာသော၀မ်ဘုရင်အားရေဖြင့်ပက်လွှတ်နေလေသည်။

ရေချိုးဆောင်ရှေ့တွင်စောင့်ဆိုင်းနေသောအထိန်းတော်ကြီး၏စိတ်ထဲတွင်မူ
နောက်ဆုံးတော့ငါတို့မင်းကြီးကို မင်းသားလေးကသူ့စိတ်ကိုဖွင့်ပေးလိုက်ပီပဲဟုတွေးကာပြုံးနေလေသည်။
ရေချိုးကန်ထဲတွင်မူလိုက်ဖမ်းသူနှင့်​ပတ်ပြေးနေသူတို့သည် အချင်းချင်းရေများဖြင့်ပက်ကာဆော့ကစားနေလေသည်။
နောက်ဆုံးတွင်မူ၀မ်ဘုရင်သည် ရှောင်းဖေးအားဖမ်းမိသွားလေသည်။
"ဟင်းဟင်း ရှောင်းဖေးလေးကအရမ်းဆိုးတာပဲ"ဟုဆိုကာရှောင်းဖေး၏သေးသွယ်လှသောခါးလေးအားပွေ့ဖက်လိုက်ကာရှောင်းဖေးအားသူ၏ပေါင်ပေါ်သို့ထပ်တင်လိုက်ပြန်သည်သို့သော်ဤအခေါက်တွင်မူမျက်နှာချင်းဆိုင်အနေအထားဖြစ်လေသည်သို့သော်ပေါင်ပေါ်တွင်ထိုင်နေသောရှောင်းဖေးကအနည်းငယ်ပို၍မြင့်နေလေသည်။

Lovely King Wang(Unicode/Zawgyi)Where stories live. Discover now