Part 2

3.4K 214 5
                                    

"ဝမ်ရိပေါ် မင်းကိုငါသတ်မယ်" ဟုဆိုကာဖခင်လက်ထဲမှဓားကိုယူကာရှောင်းကျန့်သည်မလှုပ်မရှုက်ရပ်နေသောဝမ်ဘုရင်အား​ဓားဖြင့်ပြေးထိုးလိုက်လေသည်သို့သော်
"ဟက် မိန်းမလိုကောင်ကများငါ့ကိုသတ်ချင်နေသေးတယ်ငါ့ကိုသတ်မဲ့အစားငါ့အောက်မှာနေပီးမင်းအမေအသက်ကိုအရင်မကယ်တင်ချင်ဘူးလားဟင်ရှောင်းမင်းသား"
"ဘာ မင်းဘာစကားပြောတာလဲ"
"ကြားတဲ့အတိုင်းပဲ အခုချိန်ကစပီးမင်းကငါကိုယ်တော်ရဲ့ကိုယ်လုပ်တော်ဖြစ်ရမယ်မင်းမှာငြင်းဆန်ပိုင်ခွင့်မရှိဘူး"

ရှောင်းမင်းသားပြေးထိုးလိုက်သောဓားချက်သည်ကားဝမ်ဘုရင်၏လျင်မြန်စွာရှောင်တိမ်းမှုအောက်တွင်ပျောက်ဆုံးသွားခဲ့လေသည်။
"မင်းရဲ့ကိုယ်လုပ်တော်လုပ်မဲ့အစားငါ့ကိုငါပဲသတ်သေလိုက်မယ်"ဟုဆိုကာရှောင်းမင်းသားသည်ကိုင်ဆောင်ထားသောဓားအားမိမိလည်ပင်းပေါ်တွင်တင်ဆောင်လိုက်လေသည်
"ကျစ် မရူးမိုက်စမ်းပါနဲ့ရှောင်းကျန့်မင်းသေတာနဲ့တစ်ပြိုင်နက်မင်းမယ်တော်လဲသေစေရမယ်ကဲဘယ်လိုလဲသေချင်နေတုန်းပဲလား"
"မင်း မင်း😭😭"ရှောင်းမင်းသားသည်သတိလစ်နေသောမယ်တော်အားကြည့်ကာနောက်ဆုံးတွင်လည်ပင်းပေါ်တွင်တင်ဆောင်ထားသောဓားကိုလွှတ်ချလိုက်လေသည်။

"Himmမသေနိုင်ပဲနဲ့များ" သို့သော်ဝမ်ဘုရင်၏စိတ်ထဲတွင်မူ တော်ပါသေးတယ်မင်းငါ့စကားနားထောင်လို့ဘာပဲဖြစ်ဖြစ်မင်းမသေရဘူး မင်းဘယ်တော့မှနောက်တစ်ကြိမ်ငါ့ကိုထားပီးမသွားရဘူး
"ဦးရီးတော် ဦးရီးတော်"ဝမ်ဘုရင်ဘယ်လောက်ပဲခေါ်ခေါ်ဝမ်ချန်မှာတော့လုံးဝပြန်မထူးအရေးလုံးဝမလုပ်ပါချေထို့နောက်ရှောင်းဘုရင်၏ရုပ်အလောင်းကိုပွေ့ချီကာနန်းတော်ထဲမှထွက်ခွာသွားလေသည်ဘယ်သော်အခါမှပြန်မလာတော့ခြင်းမျိုးနဲ့ထွက်ခွာသွားခြင်းပင်ဖြစ်ပေသည်။
"အရှင်မင်းကြီး တစ်တိုင်းပြည်လုံးသိမ်းပိုက်ပီးကြောင်းပါ"
"ကောင်းပီဒါဆိုတရားဝင်ကြော်ငြာလိုက်တော့"

"ဒါပေမယ့်မင်းကြီးသူတို့အိမ်ရှေ့စံမင်းသားရဲ့နယ်ခြားစောင့်တပ်ကတော့"ထိုဝမ်တိုင်းပြည်၏စစ်သူကြီးလျှောက်တင်လိုက်သောစကားသည်ကားရှောင်းမင်းသား၏နောက်ဆုံးမျှော်လင့်ချက်ပင်ဖြစ်ပေသည်
"ငါသိပီထားလိုက်တော့"စစ်သူကြီးဝမ်ထွက်သွားပီးနောက်ဝမ်ဘုရင်နှင့်ရှောင်းမင်းသားနှစ်ယောက်ထဲသာကျန်ရစ်ခဲ့လေတော့သည်
"ငိုမနေနဲ့ မင်းသာငါပြောတဲ့အတိုင်းလုပ်ရင်မင်းမယ်တော်အသက်ကိုချမ်းသာပေးမယ်"
"ကောင်းပီ မင်းကတိတည်ပါစေငါဘာလုပ်မလဲပြော"
"ဟင်းဟင်း မင်းလုပ်ရမှာက~~~~~~~~"

ထိုသို့ပြောကာဝမ်ဘုရင်သည်ရှောင်းမင်းသား၏ခန္ဓာကိုယ်အားတဏှာအပြည့်နှင့်ကြည့်ကာမေးစေ့အားလက်ညိုးဖြင့်ပွတ်ကာမထိတထိကလူကျီစယ်နေ၏
"ကျစ် ငါသိပီ" ဟုဆိုကာဝမ်ဘုရင်၏လက်အားရိုက်ချလိုက်လေသည်စိတ်ထဲတွင်မူမသတီစရာကောင်းလိုက်တာရုပ်ကလေးချောသလောက်ရက်စက်ကြမ်းကြုတ်ပီးတဏှာကလဲဆန်သေးတယ်ဘယ်လိုများဘုရင်တစ်ပါးဖြစ်လာတာလဲမသိဘူး
"ငါ့ကိုအဲ့လိုမျက်လုံးနဲ့မကြည့်နဲ့မှတ်ထားနောက်တစ်ခါငါ့ကိုအဲ့လိုမျက်လုံးနဲ့ကြည့်မယ်ဆိုရင်မင်းမျက်လုံးကိုဖောက်ထုတ်ပစ်မယ်"

Lovely King Wang(Unicode/Zawgyi)Where stories live. Discover now