Part13

1.1K 60 13
                                    

"အရှင်မင်းကြီး စစ်သူကြီး၀မ်နင်တွေ့ခွင့်တောင်းနေကြောင်းပါ" အထိန်းတော်ကြီးမှ
၀မ်ဘုရင်အားလျှောက်တင်လိုက်ခြင်းဖြစ်သည်။
"အထဲကိုလွှတ်လိုက်" ၀မ်ဘုရင်တွေ့ခွင့်ပေးပီးနောက် စစ်သူကြီး၀မ်နင်သည် ၀မ်ဘုရင်၏
နန်းဆောင်ထဲသို့၀င်ရောက်လာခဲ့ပေသည်။သို့
သော်မြင်တွေ့လိုက်ရသောမြင်ကွင်းသည်ကား စစ်သူကြီး၀မ်နင်၏မျက်နှာကိုပွက်ပွက်ဆူနေသောရေနွေးဖြင့်လောင်းပက်လိုက်သည့်နှယ် ၀မ်နင်မြင်တွေ့လိုက်ရသောမြင်ကွင်းသည်ကား ၀မ်ဘုရင်သည်စက်တော်ခေါ်ရာနေရာတွင်မိမိအားကျောပေးထားလျက်သူ၏ရင်ခွင်ထဲမှ အ၀တ်မပါသောသူအား သူ၏ကျောနှင့်မိမိမြင်ကွင်းထံမှကာထားပေးလေသည်။

"ဟမ့်ဟိုဘက်လှည့်လေဘာကြည့်နေတာလဲ"
"ဟမ် အော် တောင်း တောင်းပန်ပါတယ်" ဟု
ဆိုကာစစ်သူကြီး၀မ်နင်သည် ထိုရှက်စရာကောင်းသောမြင်ကွင်းအား ကျောခိုင်းလိုက်ပေသည်။
"ပြွတ်စ် ရှောင်းဖေးကိုယ်တော်စကားခဏသွားပြောလိုက်အုံးမယ်နော်" ၀မ်ဘုရင်သည်မိမိရင်ခွင်ထဲမှအရှက်သည်းနေသောရှောင်းဖေးအား သတင်းပို့လိုက်လေသည်။
"မြန်မြန်သွားစမ်းပါ" ရှောင်းကျန့်သည်ကားရှက်လွန်းလှ၍ သေးသွယ်၍ဖြူဖွေးလှသော
မျက်နှာသည်ပင် ပန်းရောင်သို့ပြောင်းနေလေသည်။
"ဟားဟားဟား မင်းသိလားရှောင်းဖေး မင်းလေးရှက်နေတဲ့ပုံက ကိုယ်တော့်ကိုအရမ်းဆွဲဆောင်နိုင်တယ်ဆိုတာကို"

ကျောခိုင်းထားသော်လည်း စစ်သူကြီး၀မ်နင်သည်ထိုအခြင်းအရာများအားလုံးကိုကြားနေရသည့်အလျှောက် စိတ်ထဲတွင်မူ
ငါတို့ဘုရင်ကတော့ တော်တော်ဖြစ်နေတာပဲ
ဟူ၍မှအပ အခြားအတွေးများပင်မ၀င်နိုင်တော့ချေ😅
၀မ်ဘုရင်သည်သူ၏လူသိမခံသောဇနီးမယားလေးအား ပက်ချွဲနှပ်ချွဲလုပ်ပီးသကာ
လ "ကဲပြော ဘာကိစ္စများလဲ"
"မင်းလည်းတော်တော်ဖြစ်နေတာပဲနော်"
"ဘာလဲ မင်းမနာလိုဖြစ်နေတာလား"
(မေ့သွားမှာစိုးလို့ပြန်ပြောပါမယ်နော် ၀မ်နင်နဲ့
၀မ်ဘုရင်နဲ့ကသူငယ်ချင်းတွေပါ နှစ်ယောက်ထဲရှိတဲ့အခါမျိုးဆို သူငယ်ချင်းလိုပဲပြောဆိုကြတာပါ😁)

"အမြင်ကတ်လို့ဟေ့အမြင်ကတ်လို့ဟဘယ့်နှယ် လူတစ်ယောက်လုံးဘေးမှာထားပီး နေစမ်းပါအုံး မင်းကငါသိတဲ့၀မ်ရိပေါ်မှဟုတ်ရဲ့လား"
"အပိုတွေမပြောနဲ့ငါ့ရဲ့ဒီပုံစံကရှောင်းဖေးတစ်ယောက်ထဲအတွက်ပဲ"
"ဟင့် ငါသိပါတယ်"
"ဒါနဲ့လာတဲ့အကြောင်းရင်းကိုပြောစမ်းပါအုံး"
"ရှောင်းတိုင်းပြည်ရဲ့နယ်မြေအချို့ကို သူတို့နိုင်ငံရဲ့အိမ်ရှေ့စံမင်းသားကပြန်သိမ်းယူလိုက်တယ်လို့သတင်းပို့လာတယ်"
"အင်း မထူးဆန်းပါဘူးတစ်နေ့သူပြန်တိုက်မယ်လို့ထင်ထားသားပဲ"ဟုဆိုကာ၀မ်ဘုရင်သည်တည်ငြိမ်အေးချမ်းစွာပင် ရေနွေးကြမ်းအားသောက်တော်မူလေသည်။

"မင်းဘာလုပ်ဖို့စီစဥ်ထားလဲ စစ်ပြန်ခင်းမှာလား"
"ဟင့်အင်းငါစစ်မခင်းပါဘူး သူ့တိုင်းပြည်ကိုပြန်လိုချင်ရင်ငါပြန်ပေးမှာပါစစ်မခင်းဘဲနဲ့ပေါ့"
"ဘယ်လိုမျိုးလဲ"ထိုအမေးအားကြားလိုက်သော၀မ်ဘုရင်သည် သူ၏ချောမောလှသောမျက်နှာပြင်တွင်အေးစက်လှသော အပြုံးတစ်ခုကိုဖန်ဆင်းလိုက်ကာ
"ရှောင်းကျန့်ကို ငါ့ရဲ့မိဖုရားအဖြစ်တင်မြှောက်ဖို့ပိုလွယ်သွားတာပေါ့"
"မဟုတ်မှလွဲရော မင်း"
"အင်းအမှန်ပဲ"
"မင်း ရှောင်းမင်းသားကိုထပ်ပီးခြိမ်းခြောက်အုံးမလို့လားသူ့ရဲ့တိုင်းပြည်နဲ့"

"အွင်း ငါ့နားကနေသူထွက်ပြေးလို့မရအောင်ငါကတော့နည်းမျိုးစုံနဲ့ကြိုးပမ်းရမှာပဲ"
"အကြံကလည်းကြီးပါပေတယ်"
"ဒါဆိုမင်းရှောင်းမင်းသားနဲ့ ညိှနှိုင်းဖို့ပဲကျန်တော့တာပေါ့"
"အွင်း ငါလည်းအတင်းမလုပ်ချင်ပါဘူးဒါပေမယ့်သူကမှ ငါပေးတဲ့အရာတွေကိုလက်မခံတာ အဲ့တော့ငါလည်း..............."
"အွင်း တကယ်ကို၀မ်ဘုရင်ပီသပါပေတယ််
အဲ့တော့မင်းသူ့ကိုဘယ်တော့ပြောမှာလဲ"
"သိပ်မကြာခင်ပေါ့"
ကျန့်ကျန့်မင်းကိုယ်တော့်ကိုခွင့်မလွှတ်နိုင်လည်းရပါတယ်ဒါပေမယ့် ကိုယ့်နားကထွက်သွားဖို့တော့ ဘယ်တော့မှမစဥ်းစားမိပါစေနဲ့😒😒😒
---------------------------------------------------------
Upလေးတွေတောင်းနေသူလေးတွေအတွက်ပါနော် ဒီFicလေးကလေတွေးထားတော့ရှိပေမယ့်ဘာသာအခုတလောစိတ်လုံး၀မပါလို့ကြာနေတာပါ မြန်မာပြည်ကြီးမြန်မြန်အေးချမ်းပါစေကွယ်🙏🙏🙏
************************************

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Oct 17, 2021 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

Lovely King Wang(Unicode/Zawgyi)Wo Geschichten leben. Entdecke jetzt