Sehun နဲ့ Kyung Soo Mr.Oh ရုံးခန်းထဲက ထွက်လာခဲ့သည်။ Sehun သူ့အဖေက လွယ်လွယ်သဘောတူလိုက်သဖြင့် သူ့စိတ်ထဲ တစ်ခုခုကို မသင်္ကာသလို ခံစားနေရသည်။ သူပဲ စိုးရိမ်စိတ် ပြင်းထန်လွန်းတာလား မသိတော့....Kyung Soo Sehun ပုံစံကိုကြည့်ရင်း...
Soo: ဘာဖြစ်နေတာလဲ..
Se: ငါ တခုခုကို မသင်္ကာသလိုပဲ...
Soo: ဘာကိုလဲ..
Se: ငါ့အဖေ ဘာလို့ အလွယ်တကူသဘောတူလိုက်လဲမသိဘူး...ထူးဆန်းတယ်.. .တစ်ခုခု ကြံစည်နေတာ မဟုတ်လောက်ပါဘူးနော်....
Soo: နင် အတွေးလွန်နေတာပါ.. ဘယ်မိဘမဆို သားသမီးကို ချစ်တာပဲလေ... သူ နင်စိတ်ချမ်းသာစေချင်လို့ လိုက်လျောပေးတာ ဖြစ်မှာပေါ့...
Se: မဟုတ်ဘူး... ငါ့အဖေက သားသမီးထက် စီးပွားရေးထက် ဦးစားပေးတဲ့ လူမျိုး...နင်နဲ့ လက်ထပ်ပေးဖို့အတွက် သူအများကြီး မျှော်လင့်ထားတာ..
Soo: အဲ့တော့..
Se: ညနေ ညစာစားဖို့ဖိတ်ထားတာ မလာခဲ့နဲ့... နင့် အဖေ မအားဘူးလို့ ပြောလိုက်....
Soo: အဲ့လို လုပ်လို့ဖြစ်လို့လား....
Se: ဖြစ်တယ်...
Soo: Ok!
Se: ဒါနဲ့ နင် တစ်ယောက်တည်း အိမ်ပြန်လို့ ရလား... ငါ Luhan နဲ့ ချိန်းထားတယ်...
Soo: ရတယ်လေ...ငါ သွားမယ်...
Se: အင်း... bye.. ကောင်းကောင်းသွား..
Sehun ပြောပြီး လှည့်ထွက်လာတော့ နောက်မှ Kyung Soo ခေါ်သံကြားရသည်။
Soo: ခဏ !
Se: ဘာလို့လဲ..
သူလှည့်ကြည့်တော့ Kyung Soo သူ့ဆီပြေးလာသည်။ ပြီး သူမလက်မှ သူပေးထားသော လက်စွပ် ကိုချွတ်ပြီး သူ့လက်ထဲကို ထည့်ပေးလိုက်သည်။
Soo: ငါ ဝတ်ထားစရာ အကြောင်းမရှိတော့ဘူးထင်တယ်...
Sehun လက်စွပ် ကိုကြည့်ပြီး ပြုံးလိုက်သည်။