Part 13

7.5K 717 12
                                    

Baby Don't Cry

Episode 13

Sehun Kyung Soo ကို ​ခေါ်ပြီး သူ့အ​​ဖေဆီကို နှစ်​​ယောက်​လာခဲ့ကြသည်​..Mr.Oh က နှစ်​​ယောက်​လုံးကို မြင်​​တော့ ပြုံးရင်း..

" ​ရောက်​လာကြပြီပဲ.. ထိုင်​ကြ "

Sehun နဲ့ Kyung Soo ဆက်​တီ​ပေါ်မှာ ထိုင်​လိုက်​သည်​... Mr.Oh ထိုင်​ခုံမှထလာပြီးသူတို့ဆီ​လျှောက်​လာကာ မျက်​နှာချင်းဆိုင်​ဆက်​တီ​ပေါ် ဝင်​ထိုင်​လိုက်​သည်​....Sehun လက်​ထဲက စာချုပ်​ကို စားပွဲ​ပေါ်တင်​လိုက်​ကာ..

" ဒါ Appa ​ပေးထားတဲ့ စာချုပ်​ပါ .. အခုထိ​တော့ လက်​မှတ်​မထိုးရ​သေးဘူး.. Appa ​ရှေ့မှာ လက်​မှတ်​ထိုးပြချင်​လို့ပါ.. ဒါမှ ယုံကြည်​မှာမလား "

Mr.Oh က Sehun ​ပြောတာကို အသာငြိမ်​နား​ထောင်​သည်​.. Kyung Soo ကို တချက်​ကြည့်​ရင်း..

" Kyung Soo ​ရော ဘယ်​လိုလဲ.. သ​ဘောတူလား "

Kyung Soo ပြန်​မ​ဖြေ​ပဲ ​ဘေးက Sehun ကို တစ်​ချက်​ကြည့်​သည်​... ပြီးမှ စကားမ​ပြောပဲ ​​ခေါင်းကို ညိတ်​ရုံညိတ်​လိုက်​သည်​...

" ​နေမ​ကောင်းဘူးလား.. မျက်​နှာမ​ကောင်းဘူးပဲ "

Mr.Oh စကား​ကြောင့်​ Kyung Soo ​ဒေါသထွက်​သွားသည်​... ဒီ​လောက်​ထိ ခံစားထားရတာ သူမမျက်​နှာ​ကောင်းနိုင်​မဲ့ အ​ခြေအ​နေလား... သူမ စိတ်​ထဲကရှိတဲ့အတိုင်း ပြန်​​ပြောလိုက်​ချင်​​ပေမဲ့ Sehun မျက်​နှာ​ကြောင့်​ စိတ်​ထဲက မပါတဲ့အ​ဖြေကို​ဖြေ​ပေးလိုက်​သည်​...

" ​​နေ​ကောင်းပါတယ်​... အိပ်​​ရေးမဝလို့ပါ "

" Appa ကျွန်​​တော်​တို့ လက်​မှတ်​ထိုးမယ်​ " Sehun သူ့အ​ဖေ စကားရှည်​​နေမှာ စိုးသဖြင့်​ ကြားထဲက ဝင်​​ပြောလိုက်​သည်​... သူ့အ​ဖေက သူ့စကားကို​ခေါင်းခါသည်​...

" ငါ အစီအစဉ်​ တစ်​ခု​လောက်​​ပြောင်းချင်​လို့... "

Sehun ရင်​ထဲ ထိတ်​ကနဲဖြစ်​သွားသည်​.. သူ့အ​ဖေ တခုခုကြံစည်​တာ မဟုတ်​ပါ​စေနဲ့လို့ ဆု​တောင်းရင်း သူ့အ​ဖေ ပါးစပ်​က ​နောက်​ ထွက်​လာမည့်​စကား​တွေကို ရင်​တုန်​တုန်​နှင့်​​ စောင့်​​နေမိသည်​...

Baby Don't CryWhere stories live. Discover now