အပိုင်း (၂၂)

8.8K 687 68
                                    

Unicode

"ကိုကိုရေ.. အိမ်မှာ ဧည့်သည်တွေ ရောက်နေတယ်."

ရှောင်းကျန့် အိမ်ထဲဝင်မလို့ ဖိနပ်ချွတ်ကာရှိသေး အလုံးလေးပြောတဲ့ ဧည့်သည်ဆိုတာကြောင့် အံ့ဩသွားလေသည်။

"ဘယ်သူလဲ အလုံးရဲ့။ လူစိမ်းတွေကို အိမ်တံခါး ဖွင့်မပေးရဘူးလို့ ကိုကိုပြောထားတယ်လေ."

"လူစိမ်းတွေဟုတ်ဘူး. ကိုကို့သူငယ်ချင်းတွေ."

ရှောင်းကျန့်က အလုံးလေးရဲ့ နဖူးလေးကို အသာငုံ့နမ်းလို့ ပွေ့ပိုက်ရင်း အိမ်ထဲဝင်လာလိုက်သည်။

"ကိုကိုတို့ အတန်းက ဂိုးသမားအစ်ကိုကြီးနဲ့ အခြားအစ်ကိုကြီးတစ်ယောက်."

ရှောင်းကျန့်က မျက်စချီမိသွားပြီး ဧည့်ခန်းထဲ အမြန်လှမ်းဝင်လိုက်သည်။

"ဝမ်ချောင်... ဟေ့ရောင် သားရီး"

ကျောပေးထိုင်နေကြတဲ့ နှစ်ယောက်က သူ့အသံကြောင့် လှည့်ကြည့်လာကြသည်။ ဝမ်ချောင်က ပြုံးလိုက်ပြီး မတ်တပ်ရပ်လို့ သူ့ဆီခြေလှမ်းကျဲတွေနဲ့ လှမ်းလာနေတဲ့ ရှောင်းကျန့်ကို အားရပါးရဖက်ထားလိုက်တော့သည်။

"ဟ ဟ ... သားရီး. မင်း ဘယ်အချိန်က ရောက်နေတာလဲ။ ငါ့ကို ကြိုလည်းမပြောထားဘူး.။ မင်း ကွာ."

‌ရှောင်းကျန့်က ဝမ်ချောင်ရဲ့ လက်မောင်းကို လက်သီးနဲ့ ခပ်ဖွဖွ ထိုးလိုက်ရင်း ဘေးကတစ်ယောက်ဆီအကြည့်ရောက်သွားတော့ မျက်ခုံးတွေပင့်သွားတော့သည်။

"ဝမ်ကျူးလျို... မင်းကပါ ဘယ် လို."

ရှောင်းကျန့်ရဲ့ စကားက တဝက်တပျက်နဲ့ ရပ်တန့်သွားလေသည်။ ရှောင်းကျန့်က ဝမ်ချောင်နဲ့ ဝမ်ကျူးလျိုကို တစ်လှည့်စီအကဲခတ်ကြည့်လိုက်သည်။ ဝမ်ချောင်ကတော့ အလကားနေရင်း ဂုတ်ကိုပွတ်နေတော့သည်။ ဟိုကောင် ဝမ်ကျူးလျိုကတော့ ဘာမှမဖြစ်သလို မင်သေသေအခွက်နဲ့။

"ငါတို့ အိမ်ကနေ အပြန် ပေကျင်းကို လှည့်ဝင်လာတာ။ အခုလေးတင်ပဲရောက်တာ။ မင်းတို့အားလုံးနဲ့လည်း တွေ့ဖို့... ပြီးတော့... အဟမ်း. ဟိုဟာ."

ဝမ်ချောင်က ဆက်ပြောဖို့ တွန့်ဆုတ်နေတော့ ဝမ်ကျူးလျိုက ဝမ်ချောင်ရဲ့လက်ကို လှမ်းလို့ ဆုပ်ကိုင်လိုက်ရင်း

ကိုကိုနဲ့အလုံး (အိုင်တီအစ်တ်)حيث تعيش القصص. اكتشف الآن