ကိုကို့ရဲ့လုံးပူတင်းအိကျိလေး

4.3K 368 70
                                    

Unicode

"ကိုကိုရေ အလုံးပြန်လာပါပြီ"

"ကိုကိုက မီးဖိုထဲမှာ အလုံးလေးရေ"

ဒီနေ့ တနင်္ဂနွေရုံးပိတ်ရက် ဖြစ်ပေမယ့် အလုံးတို့ Section မှာ project meeting ရှိနေတာကြောင့် အလုံးလေးက မနက်အစောကတည်းက ရုံးသွားရလေသည်။

Community Development အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်မည့် project ဖြစ်သလို Agri & Forest ကလည်း ပတ်ဝန်းကျင်စိမ်းလန်းရေးနဲ့ ဂေဟစနစ်မျှခြေဖြစ်စေမည့် အစီအစဉ်များကို လုပ်ဆောင်ကြမည်ဖြစ်သည်။

သူတို့ NGO က တာဝန်ယူအကောင်အထည်ဖော်ပေးမယ့် နယ်စွန်ကျေးလက်ဒေသတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလုံးလေးတို့ Section က Environmental Protection ဖက်ကနေ ပါဝင်လေသည်။

Young Scientist တွေကို ဦးဆောင်စေပြီး လုပ်ခွင့်ပြုထားတာကြောင့် အလုံးလေးတို့တွေကလည်း စိတ်အားထက်သန်စွာနဲ့ နေ့မနား ညမနား ကြိုးစားနေကြသည်။ သွားရမည့်ဒေသကို လက်တွေ့တစ်ခေါက်သွားထားတဲ့ အဖွဲ့တွေယူလာတဲ့ အချက်အလက်ဒေတာတွေပေါ်မူတည်ပြီး project ကို အကြိတ်အနယ်ပြင်ဆင်ကြသည်။

ပိတ်ရက်တွေမှာတောင် မနားဘဲ ကြိုးစားနေတဲ့ အလုံးလေးအတွက် ပြန်လာရင် အဆင်သင့်စားရစေဖို့ ရှောင်းကျန့်ကလည်း ပြင်ဆင်နေပါသည်။

"ကို ကို့ ဘာ တွေ ချက်"

အလုံးလေးက အနောက်ကနေ သူ့ခါးကို ဖက်ထားပြီး ကျောပြင်မှာ ပါးလေးအပ်ထားတော့ ရှောင်းကျန့်က ပြုံးလိုက်သည်။ အလုံးလေးကို လက်နောက်ပြန်နဲ့ ဆွဲဖက်ထားလိုက်ပြီး ခေါင်းကိုလှည့်လို့ နှုတ်ခမ်းထော်ထော်လေးကို ပြွတ်ခနဲ စုပ်နမ်းလိုက်သည်။

"အား ယား ကိုကို့အလုံးလေး ဗိုက်ဆာနေပြီမဟုတ်လား။ ကြက်သားလုံးကြော်ကို အချဉ်ရည်စပ်စပ်ကလေးနဲ့ တို့စားချင်တယ်ဆို"

ရှောင်းကျန့်က ပြောပြီးတာနဲ့ ကြက်ရင်ပုံအသားတွေကိုချည့် ပြောင်းမှုန့်နဲ့နယ်လုံးကြော်ထားတဲ့ ကြက်သားလုံးကြော်လေးတစ်လုံးကို တူနဲ့အသာညှပ်ပြီး အလုံးလေးကို ခွံ့ကျွေးလိုက်သည်။

"အူးးး ကောင်းလိုက်တာ... စကြဝဠာကြီးတစ်ခုလုံးမှာ ကိုကို အတော်ဆုံး"

ကိုကိုနဲ့အလုံး (အိုင်တီအစ်တ်)Where stories live. Discover now