Part 10

1.1K 51 0
                                    

Charlotteတကယ်စိတ်မကောင်းနေမှန်းသူမမျက်လုံးတွေကတဆင့် သူရိမ်မြင်ရတယ်

"I know this feelings Rain
I have lost someone just like you"

သူမပြောရင်းမျက်ရည်ကပေါက်ခနဲကျလာခဲ့တယ်

အတန်ကြာအောင် Charlotte ရော သူရော စကားမပြောပဲငြိမ်သက်ရင်း တောင်တန်းတွေပေါ်ကကြယ်တွေကိုငေးကြည့်နေခဲ့တယ်

"ဒါလေးလေ... Rain သုံးလို့ရမယ်မျှော်လင့်ပါတယ်"

သူ့လက်ထဲလာထည့်ပေးတာက သူမဆွဲထားတဲ့ ဆွဲကြိုးလေး

သူဖွင့်ကြည့်လိုက်တော့ သာမာန် locket တစ်ခုမဟုတ်ပဲ

Calendar ပါတဲ့နာရီဟောင်းလေးတစ်လုံး

နာရီဟောင်းလေးဆိုပေမဲ့ ကျစ်လစ်နေခဲ့တယ်
လရောင်အောက်မှတောင်ရွှေရောင်တစ်ဖိတ်ဖိတ်တောက်နေခဲ့သည်

ဘာသဘောနဲ့သူမပေးမှန်းမသိပေမဲ့ သူယူထားလိုက်တယ်

" ဒီနာရီကအီဂျစ်မှာရောက်တုန်းကတို့ဆုံးရှုံးသွားတဲ့သူကဝယ်ပေးခဲ့တာလေ"

" ဟာ ဒီလိုအဖိုးတန်ပစ္စည်းတော့ ကျွန်တော်ယူသွားလို့မရဘူးလေ Charlotte "

သူပြန်ပေးတော့ Charlotte ကငြင်းတယ်

ဒီအတိုင်းအမှတ်တရပေးတာမို့ယူပါတဲ့လေ

"Good night  နော်" သူ့နှဖူးကိုခပ်ဖွဖွနမ်းရင်း Charlotte ထွက်သွားခဲ့သည်

အတွေးတွေများစွာနဲ့အတူ သူယောက်ယက်ခတ်နေခဲ့သည်

Charlotte ကိုနားလည်ရခက်တာရော

Mary ကိုသတိရတာရော

တော်တော်များများနိုင်ငံခြားသူတွေနဲ့သူပတ်သတ်ဖူးတယ်

ဒီလိုမျိုးတော့ နားလည်ရခက်တဲ့အပြုအမူမျိုးကိုမမြင်ဖူးဘူး

လက်ထဲမှာ Charlotte ပေးတဲ့နာရီကို အကြိမ်ကြိမ်ကြည့်နေခဲ့တယ်

နာရီကျောမှာ သူနားမလည်တဲ့ အီဂျစ်စကားလုံးတွေနဲ့ရေးထားတယ်

​နောက်ပြီမျက်နှာပြင်မှာဘာနာရီလက်တံမှမပါ

ခုနှစ်တစ်ခုသာပါတဲ့ နာရီလက်တံကို သူစိတ်ပေါက်ပေါက်နဲ့  ၂၀၀၉ ခုနှစ်ကိုရွှေ့ထားခဲ့လိုက်သည်

The Old Me & YouWhere stories live. Discover now