Part 13

2.3K 63 0
                                    

မှိုင်းညို့နေတဲ့မိုးတိမ်သားတွေက

ပုံမှန်ထက်ပိုတဲ့ ဝမ်းနည်းအားငယ်မှုတွေကိုပေးနေသလို

တစ်ချက်တစ်ချက်တိုက်ခတ်လိုက်တဲ့
လေအဝှေ့မှာစိန်ပန်းပြာတွေကရုပ်ပျက်ဆင်းပျက်ကြွေကျလို့

" သဲငယ် အိမ်ပြန်တော့မလား"
သိသိသာသာတိတ်ဆိတ်နေတဲ့ နှစ်ကိုယ်ကြားမှာ
သူကစကားသံတွေအစပြုလိုက်သည်

"ဘာလို့လဲ" မေရီ့အသံကငိုသံစွတ်လျက်

ဝမ်းနည်းဆို့နင့်မှုတွေလှိုက်တက်နေတော့
ငိုချင်ရက်လက်တို့ဖြစ်တဲ့ကလေးငယ်တစ်ယောက်လို

" ရက်.....သဲငယ်တို့မှာ ရက်ပဲအချိန်ရှိတော့တယ် ဒါတောင်ကိုကသဲငယ်ကိုအိမ်ပြန်လွှတ်နေတာလား
လောကကြီးကတကယ်မတရားဘူး"

သူမပြောရင်းငိုချလိုက်မိသည်

သူရိမ်နဲ့အတူရှိနေချိန်ဆို သူမစိတ်ကိုက ပုံမှန်ထက်ပိုပြီးအကဲဆက်မိသလို အထိခိုက်လည်းမခံနိုင်ခဲ့ဘူး

ချစ်တဲ့သူနဲ့အတူရှိဖို့တောင် အချိန် ၆ ရက်တဲ့လား

" ဟေ့ .. မငိုရဘူးလေ" အားပေးတဲ့အပြုံးတစ်ချို့Mary နဲ့ ပြောနေပေမဲ့လည်း သူရိမ့်မျက်ဝန်းထဲမှာလည်းမျက်ရည်တွေဝေ့ဝဲတက်လာသည်

" သဲငယ်ပြောတာမှန်ပါတယ်... ကိုတောင်းပန်တယ်
ဒီကာလကတိုတယ်ဆိုပေမဲ့....ကိုတို့နှစ်ယောက်အပျော်ရွှင်ဆုံးလက်တွဲသွားကြမယ်နော်"
ပြောနေရင်းနဲ့သူရိမ့်အသံကတိမ်ဝင်သွားခဲ့သည်

Mary သူ့ကို လမ်းလည်ခေါင်တောင်မရှက်ပဲ ခပ်တင်းတင်းဖတ်ထားမိတယ်
စိန်ပန်းပြာတွေကတော့ Mary တို့နှစ်ယောက်အပေါ် ကြွေကျလျက်

သံသရာမှာဆိုတာတကယ်ရှိခဲ့ရင်
ဘဝဆက်တိုင်း ချစ်ရသူနဲ့ကွေကွင်းခြင်းကို မကြုံဖို့သာ Mary ဆုတောင်းမိမယ်ထင်ပါရဲ့

တွေ့ဆုံချိန်ကတကယ်ကိုခဏလေးပဲမို့လေ

Mary အတွက်တော့ စက္ကန့်တစ်ခုရဲ့အစိတ်အပိုင်းတစ်ချို့ကိုတောင်အပွန်းပဲ့မခံနိုင်ခဲ့ဘူး

The Old Me & YouWhere stories live. Discover now