Unicode
"အကိုလေး..."
"ဪ ဟုတ်ကဲ့အန်တီ"
အန်တီလီရဲ့ခေါ်သံကြောင့်ချန်းယောလ်ဘတ်ခ်ဟွန်းSupriseလုပ်ဖို့စောင့်နေရာကနေစကားစမြည်ပြောဖြစ်ကြသည်
"အကိုလေးနာမည်က ချန်း...ချန်း..."
"ကျွန်တော်က ပတ်ချန်းယောလ်ပါ"
"အော် ဟုတ်ကဲ့ ။ ကျွန်မကိုမှတ်မိလား"
"ဟုတ် ဟုတ်ကဲ့ ဟိုဆေးရုံခန်းထဲကိုဝင်လာတဲ့အန်တီမလား"
ချန်းယောလ်လဲရှက်ရှက်နဲ့ဂုတ်လေးပွတ်သက်ကာပြောတော့ အန်တီလီကပြုံးသည်
"အကိုလေးအခုတလော ဒေါက်တာလေးကိုလာမကြိုပါလား"
"ဟုတ်တယ်။ကျွန်တော် အလုပ်ကိစ္စနဲ့နိုင်ငံခြားရောက်နေလို့"
အန်တီလီကခေါင်းလေးတငြိမ့်ငြိမ့်နဲ့
"ကျွန်မ အကိုလေးကိုပြောစရာရှိလို့"
"ဘာကိစ္စလဲမသိဘူး"
"ဒေါက်တာဗြောင်ကိစ္စ"
"ဟွန်းနီးကိစ္စ ပြောမလို့...ဟုတ်လား ဘာများလဲ"
"ကျွန်မပြောပြတယ်ဆိုတာ ကြားဝင်တယ်လို့မထင်ပါနဲ့နော်။ကျွန်မက ဒေါက်တာလေးနဲ့အကိုလေးကိုကိုယ့်တူကိုယ့်သားလိုသဘောထားလို့ပါ"
"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ် ပြောပါ"
"ဒီဆေးရုံကိုတာဝန်ကျတဲ့ဆရာဝန်မအသစ်လေးက ဒေါက်တာလေးနားကိုအရမ်းကပ်နေသလိုပဲ။လူတော်တော်များများကလဲ ပြောလာကြပြီ။ပြီးတော့ အဲ့ဒီကလေးမက ဒေါက်တာလေးမှာအိမ်ထောင်ရှိတာမသိဘူးထင်တယ်။ဒေါက်တာလေးကခပ်ခွာခွာနေပေမယ့် သူကတော့အရမ်းကပ်လွန်းနေတယ်"
ချန်းယောလ်ဟန်ပါပါတစ်ချက်ပြုံးလိုက်မိရင်း ဘတ်ခ်ဟွန်းအနားက ကောင်မလေးကိုပညာသားပါပါတွန်းထုတ်ဖို့ကြံမိသည်။ကိုယ်နိုင်ငံခြားကိုအလုပ်ကိစ္စနဲ့သွားနေရတဲ့တစ်လလောက်အတွင်း ဘတ်ခ်ဟွန်းအနားကိုကပ်နေခဲ့သည့်မိန်းကလေးရှိသည်တဲ့လား။
"အခုလိုပြောပြပေးတာကျေးဇူးပါ အန်တီလီ။ဒါနဲ့ကျွန်တော့်ကိုတစ်ခုကူညီပေးပါ"
YOU ARE READING
Setsunai[COMPLETED]
Fanfiction•One of the greatest pain and agony is being in one sided love with someone....• [M-Preg]