Unicode
မနေ့ကပြန်လာမယ်လို့ဖုန်းဆက်ထားတည်းက ချန်းယောလ်တက်ကြွနေတာ။မနက်ကလဲ အစောကြီးနိုးသည်။သားကိုတော့ သူ့အဖေပြန်လာမယ်လို့ပြောမထား။Supriseဖြစ်အောင်
သားတစ်နှစ်သားမှာ ပညာတော်သင်နဲ့ အင်္ဂလန်ကိုသွားရတဲ့ကျွန်တော့်အသဲက ဒီကြားထဲလဲ သူ့သားလေးကိုVcနဲ့အမြဲအဆက်အသွယ်လုပ်သည်။ပညာတော်သင်နှစ်နှစ်အပြီးမှာတော့ သားအသက်ကသုံးနှစ်ပြည့်တော့မည်။တော်ပါသေးရဲ့ သားသုံးနှစ်ပြည့်ဖို့ရက်ပိုင်းအလိုမှာဟွန်းနီးပြန်ရောက်လာလို့ ။ နှစ်နှစ်ပြည့်မွေးနေ့တုန်းကဆို ဟိုဘက်က Vcပြောရင်းလဲငို၊သားကလဲ အော်ငိုနဲ့ ကြားထဲကဝမ်းနည်းနေလျက်နဲ့မငိုရတဲ့ကိုယ့်ကိုကိုယ်လဲသနားနေပြီ။
သူက သားနဲ့ပတ်သက်ရင်သိပ်ပင်ပန်းပါသည်။
ခင်ဗျားတို့မသိလိုက်ရတဲ့ လွန်ခဲ့တဲ့သုံးနှစ်ကိုပြန်သွားကြရအောင်
:..........:
"ဒေါက်တာဗြောင်ကတော့ မေ့ဆေးအရှိန်မပြယ်သေးတာရော အားနည်းနေတာရောကြောင့်ဆေးသွင်းထားရပါတယ်။ခဏနေ ကလေးကိုဝင်ကြည့်လို့ရပါပြီ"
ရှစ်လနှစ်ပတ်ထဲနဲ့မွေးခဲ့တဲ့သားလေးက သာမန်ပေါင်ချိန်အတိုင်းဖြစ်ပြီး အရာရာပုံမှန်ပဲမို့ချန်းယောလ်အခုမှသက်ပြင်းချနိုင်တော့သည်။
အသဲက ကတိတည်ခဲ့ပါတယ်....
ခွဲခန်းထဲကထွက်လာတဲ့ယွန်Hyungနဲ့ခါအီ
"ချန်းယောလ်... ဘတ်ခ်ဟွန်းကသိပ်တော်တယ်ကွာ။သူ့သားလေးကိုသူ့မှာရှိသမျှအားတွေတင်းပြီးမွေးသွားရှာတာကွ။ငါတို့သူ့ကိုလက်လွှတ်ရတော့မယ်လို့ထင်ခဲ့တာ။ဘတ်ခ်ဟွန်းအားတင်းထားနိုင်ခဲ့တယ်"
ဘတ်ခ်ဟွန်းက ကျွန်တော်နဲ့သားလေးအတွက်နာကျင်မှုတွေကိုအံတုခဲ့သည်။သေမင်းနဲ့စစ်ခင်းလိို့ သားကိုလူ့လောကထဲခေါ်သွင်းခဲ့သည်။သဘာဝတရားကိုလွန်ဆန်ရင်း သားလေးရဲ့ဖခင်ဖြစ်ချင်ခဲ့တဲ့သူက ကျွန်တော့်အတွက်လဲခင်ပွန်းကောင်းလေးဖြစ်ခဲ့ပါတယ်
-----------
ကလေးကုတင်လေးနဲ့သပ်သပ်ထုတ်ထားတဲ့သားကိုသွားကြည့်လိုက်...ကုတင်ပေါ်ကသတိမရတဲ့ဘတ်ခ်ဟွန်းကိုကြည့်လိုက်နဲ့အလုပ်ရှပ်နေသည်။
YOU ARE READING
Setsunai[COMPLETED]
Fanfiction•One of the greatest pain and agony is being in one sided love with someone....• [M-Preg]