33

1.7K 224 11
                                    

Unicode

"အသဲ...."

"ဟင့်အင်း လာမနိုးနဲ့...မနေ့ညကအိပ်ရေးပျက်လို့"

အော် သူကအိပ်ရေးပျက်တယ်ဆိုတော့ ကျွန်တော်ကကရောအိပ်ရေးမပျက်တာကျနေတာပဲ။ကလေးရယ် ပြောလဲပြောတတ်ပါဘိ

"ထပါတော့ ဒီနေ့ခါအီနဲ့ရေကူးကန်သွားမယ်ဆိုပြီးကလေးပဲချိန်းထားတယ်လေကွာ"

"....."

မထသေးတဲ့ကလေးကိုစမလို့ကြံစည်ကာ ချန်းယောလ်ကုတင်ပေါ်တက်ကာ သူအိပ်နေတဲ့ဘေးလေးကိုသွားထိုင်လိုက်သည်

"မှန်းစမ်း လည်ပင်းမှာအရာတွေဘာတွေကျန်နေသေးလား"

အင်္ကျီဝတ်မထားတဲ့သူ့ကိုလည်ပင်းလေးသွားကိုင်တော့လက်ကိုပုတ်ထုတ်သည်။

"ရား!!!ပတ်ချန်းယောလ် လာမစနဲ့"

စောင်ကိုလည်ပင်းနားထိတိုးယူပြီးခြုံလိုက်တဲ့ကလေးငယ်ကြောင့် ရယ်ချင်စိတ်ကိုမနည်းထိန်းရသေးသည်။

"ဟာ နှုတ်ခမ်းပေါက်နေတာလား ပြစမ်း"

မေးဖျားလေးကနေ ကိုင်ပြီးမျက်နှာလေးကိုဆွဲမော့လိုက်တော့ ရုန်းထွက်သွားရင်း

"မပေါက်ပါဘူး...မစနဲ့ဆို... ချန်းကကွာ"

"ဟားဟား...ဟွန်းနီးကအရမ်းချစ်ဖို့ကောင်းနေလို့ကိုယ်ကစမိပါကွာ"

"သွားတော့အခန်းပြင်ကို မင်းရှိနေတော့ ငါကဘယ်လိုထမလဲ"

"ကိုယ်ကမင်းကိုမြင်တော့ဘာဖြစ်မှာစိုးလို့လဲ"

ချန်းယောလ်မျက်ခုံးလေးပင့်ပြီးပြောတော့ သူကမျက်စောင်းလေးထိုးကာ

"မသိဘူးကွာ သွား...ဒီမှာအဝတ်မပါပါဘူးဆို"

"ဟောဗျာ မပါတော့လဲ ဒီတိုင်းသွားပေါ့ ကိုယ်ကမမြင်ဖူးတာကျနေတာပဲ"

"အပိုတွေ မနေ့ညကမီးပိတ်ထားတယ်မမြင်ရဘူး လျောက်မပြောနဲ့"

သူကဆူထော်ထော်နဲ့ရန်ပြန်တွေ့တော့

"ကိုယ်က လူတင်အားကောင်းတာမဟုတ်ဘူး။ငယ်ငယ်ထဲက မျက်လုံးလဲအားကောင်းတယ်...အမှောင်ထဲလဲကောင်းကောင်းမြင်ရလို့ အလုပ်ကောင်းကောင်းပြီးတယ်။ဟွန်းသိမှာပါ"

Setsunai[COMPLETED]Where stories live. Discover now