Privacy 2

2.1K 377 11
                                    

သူ့အနားမှာ နှာခေါင်းရှုံ့ပွပွလုပ်နေကြတဲ့ team ကလူတွေကြောင့် ဘတ်ဟျွန်း ကိုယ့်ဟာကိုတောင် မလုံချင်တော့။

”ဒီအနံ့က အယ်ဒီတာကြီး ရေမွှေးနံ့နဲ့ တူနေသလားလို့ ”

အားလုံးရဲ့ သုံးသပ်ချက်က တစ်ထပ်တည်းထွက်လာသည်မလို့ ဘတ်ဟျွန်းမှာ ဘာလား တွေ ဖြစ်ကုန်သည်။ ချန်းယောလ်သုံးတဲ့ ရေမွှေးကလည်း သူနဲ့ အကြိုက်မတူပါ ။ ဘာလို့ သူ့မှာ ပတ်ချန်းယောလ် အနံ့ရှိရမှာလဲ ။
တူတူအိပ်ဖြစ်တယ်ဆိုပေမဲ့လည်း အနံ့ကူးရအောင် ပတ်ချန်းယောလ်သည် ဝံပုလွေလည်း မဟုတ် လူစစ်စစ်ပါ ။

”ကျွန်တော့ အင်္ကျီမှာ ဘာလို့ အယ်ဒီတာကြီး အနံ့ရှိရမှာလဲဗျာ
အကုန်လုံးက အလုပ်မရှိ လာနောက်နေကြပြန်ပြီ ”
အရယ်တစ်ပိုင်းနဲ့ ဘတ်ဟျွန်းဆိုပေမဲ့ အားလုံးက မသင်္ကါမျက်လုံးတွေနဲ့သာ ဝိုင်းကြည့်နေကြတုန်းမလို့ ရယ်နေတဲ့ နှုတ်ခမ်းလေးက လမ်းခုလတ်မှာ တန့်သွားရသည်။

ဘာလဲ? ဒီအဖြစ်က....
ကျားအုပ်ထဲရောက်နေတဲ့ ယုန်ဖြူလေးလို ခံစားလိုက်ရတယ်

________ ♡︎ Privacy ♡︎

ဘတ်ဟျွန်း သန့်စင်ခန်းကို ရောက်နေသည်။
လက်ဆေးနေရင်း မှန်ကို ကြည့်မိတော့ ပြန်မြင်နေရတဲ့ သူ့မျက်နှာ ။ ထိုမှ တစ်ဆင့် အင်္ကျီစီ အကြည့်ရောက်သွားမိသည်။

လက်မြန်မြန်သုတ်လိုက်ပြီး အင်္ကျီစကို ဆွဲယူကာ နမ်းကြည့်မိတော့
မျက်လုံးပြူးသွားသည်။

တကယ်ကြီး ပတ်ချန်းယောလ်အနံ့
ဘယ်လိုဖြစ်လို့...

ထိုအခိုက် အထဲဝင်လာတဲ့ ချန်းယောလ်

အင်္ကျီကို ဆွဲယူပြီး ပြန်နမ်းကြည့်နေတဲ့ ဘတ်ဟျွန်းကြောင့် ရူးနေတာလား ဆိုတဲ့ အကြည့်နဲ့ ကြည့်သည်။

”ဘာလုပ်နေတာလဲ ”

”ခဏလေး ”

သူ့အင်္ကျီကို လာနမ်းနေတဲ့ ဘတ်ဟျွန်းကြောင့် ချန်းယောလ် တွန်းထုတ်တော့သည်။

”ဘာလုပ်တာလဲ ဘတ်ဟျွန်း ”

ပြန်အသိဝင်လာတဲ့ ဘတ်ဟျွန်းက ထိုကျမှ လက်ဖဝါးလေးထောင်ပြကာ

Privacy ❗(Completed) Where stories live. Discover now