Privacy 5

3.4K 433 11
                                    

သူ တကယ် ဘတ်ဟျွန်းကို အဆုံးရှုံးမခံချင်ပါ။
ဘတ်ဟျွန်း သူ့အပိုင်ဖြစ်ဖို့ဆို ဘာလုပ်ရမလဲ?

________

”Sunbaenim  ”

အသစ်ရောက်လာတဲ့ ကောင်လေးက ဘတ်ဟျွန်းကို တော်တော်ကပ်သည်။ သူ့ရဲ့အနီးကပ်အထက်လူကြီးက ဘတ်ဟျွန်း ဖြစ်တာ​ကြောင့်လည်း ပါသလို ဘတ်ဟျွန်းကို အကြီးတစ်ယောက်အနေနဲ့ သဘောကျတာကြောင့်လည်း ပါသည်။

”စီနီယာကြိုက်တဲ့ စတော်ဘယ်ရီနွားနို့ ”

သူသောက်နေကြ စတော်ဘယ်ရီနို့ဘူးပေးလာတဲ့ သူ့ ဂျူနီယာလေး။ ချစ်ဖို့ကောင်းပြီး အလိုက်သိတဲ့ ကောင်လေးကြောင့် အလုပ်မှာ ဘတ်ဟျွန်းစိတ်ချမ်းသာရသည်။

နွားနို့ဖောက်သောက်ရန် ပိုက်နဲ့ ထိုးမလို့ရှိသေး
အလုခံလိုက်ရတဲ့ နို့ဘူးလေး ၊ အမှိုက်ပုံးထဲရောက်သွားတာမလို့ ဘတ်ဟျွန်း မော့ကြည့်လိုက်သည်။

”ဘာလုပ်တာလဲ ”

”ဒီလောက် နွားနို့များ !
လာ ကိုယ် ဝယ်တိုက်မယ် ”

သူ့သဘောအတိုင်း ဆွဲခေါ်သွားတဲ့ ပတ်ခ်က ဒီရက်ပိုင်း ပြောင်းလဲနေတာ သတိထားမိတယ်။ အလုပ်မှာ အရင်လို စည်းမထားတော့ဘဲ သူ့သဘောအတိုင်း ဘတ်ဟျွန်းကို ရင်းရင်းနှီးနှီး ဆက်ဆံသည်။

”မင်း ငါ့ကို ရွဲ့တာလား ”

ထိုင်ခုံမှာ ထိုင်ခိုင်းထားပြီး ပြန်ရောက်လာတဲ့ ပတ်ခ်။ ဘတ်ဟျွန်းရှေ့ ဆယ်ဘူးကျော်တဲ့ စတော်ဘယ်ရီ နွားနို့ဘူးတွေ ပွစိတက်လို့... ။

”အခြားသူပေးတိုင်း လျှောက်မသောက်နဲ့
မင်းကို ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ ”

”မင်းကိုသာ မယုံရမှာ ”

ပြောပြောဆိုဆို တစ်ဘူးလှမ်းယူသည်။

”ဘာမုန့်စားဦးမလဲ ”

”ငါက ကလေးလား ”

ဘေးစောင်းထိုင်ရင်း အပြင်ဘက်ကို ကြည့်နေတဲ့ ဘတ်ဟျွန်း ။

”မစားလည်းနေပေါ့ ”

ချန်းယောလ်လည်း ရှေ့က တစ်ဘူးယူသောက်၏ ။

Privacy ❗(Completed) Where stories live. Discover now