Privacy 4

2.3K 374 4
                                    

အကြီးအကျယ်ရန်ဖြစ်ပြီးနောက် ဘတ်ဟျွန်းသည် အရင်ကထက် ပိုလို့ သူ့ကို ရှောင်ဖယ်လာသည်။ အလုပ်မှာ မျက်နှာချင်းဆိုင်တွေ့ရင်တောင် စကားတစ်ခွန်းမှ မဆိုသလို
အိမ်မှာလည်း ချန်း​ယောလ်ကို ရှိတယ်လို့ပင် သတ်မှတ်ထားပုံမရ..။ သူကလွဲပြီး ရှိသမျှ လူနဲ့ ရယ်ပြုံးကာ စကားပြောသည်။ ယုတ်ယွအဆုံး သန့်ရှင်းရေးအဒေါ်ကြီးနဲ့တောင် ဘာတွေပြောမှန်း မသိ ပြောသေး။

ကြာတော့ နေရအဆင်မပြေလာပါ။ ဘတ်ဟျွန်းက သူ့ကို နည်းနည်းလေးတောင် ဂရုမစိုက်တော့။ စချင်တိုင်းလည်း စလို့မရ။ ဘတ်ဟျွန်းစီက အတန်းရှင်းရအောင် ချန်းယောလ် တစ်ခုပြီးတစ်ခု လုပ်ပါတော့သည်။

________ ♡︎ Privacy ♡︎

"အွန်! "

ဘတ်ဟျွန်းစားပွဲပေါ်မှာ သောက်နေကျ စတော်ဘယ်ရီဘူးနဲ့ ပုစွန်ဘာဂါတစ်ခုရောက်နေသည်။
မုန့်ကိုင်ထားရင်း ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့..
သူ ဒီရက်ပိုင်း ပုစွန်ဘာဂါစားချင်နေတာ...
အလိုက်တသိ ဘယ်သူ လာထားပေးသွားတာလဲ

"ဒီနေ့ မနက်စာ ဒကာခံတဲ့လူရှိနေတာလား "

ဘတ်ဟျွန်းစကားကြောင့် အခြားသူတွေက မျက်လုံးပြူးကုန်သည်။ အချင်းချင်းကြည့်နဲ့ ဘတ်ဟျွန်းကို ကြည့်လိုက်နဲ့

"ဘယ်သူ့မှ ဒကာမခံပါဘူး "

"ဟုတ်လား ကျွန်တော့စားပွဲပေါ် မုန့်တွေ တွေ့လို့ "

စဥ်းစားရင်း ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။ ဘာဂါစားရင်း ဘတ်ဟျွန်းမှာ အတွေးတွေ များကုန်တော့၏ ။

ဘယ်သူလာထားသွားတာလဲ ! ?

________ ♡︎

အအေးစက်မှာ အအေးထုတ်နေတုန်း ယောင်လည်လည်နဲ့ ရောက်လာတဲ့ ချန်းယောလ်

"ဘာဂါ အရသာရှိလား "

ဘတ်ဟျွန်း သူ့ကို မင်းလား ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။ အကြည့်လေးပြန်ရတာနဲ့တင် ချန်းယောလ်မှာ ပြုံးစိစိနဲ့ ။

ဘာစကားမှ မပြောဘဲ ဘတ်ဟျွန်း ထွက်သွားသည်မလို့..

"ဘာလဲ ဘာ ရီပလိုင်းမှ ပြန်မရဘူးလား!? ဟာ!!"

Privacy ❗(Completed) Where stories live. Discover now