ကိုကို့ရဲ့ဝမ်..2

2.6K 169 0
                                    

ကိုကို့ကိုချစ်ရတာနဲနဲတော့ပင်ပန်းတယ်...
ဒါပေမဲ့ချစ်နေတုန်းပဲ...

" hello..."

"ဝေ..ရိပေါ်ကျောင်းမလာဘူးလား..."

"ကျနော်နေမကောင်းလို့ကိုကို..."

ရိပေါ်မနေ့ကထမင်းမစားတာကြောင့်အစာအိမ်အောင့်နေခြင်းဖြစ်တယ်...မွေးနေ့မှာရှောင်ကျန့်ကိုအပြင်မှာလျှောက်လည်ဖို့ခေါ်မယ်ဆိုပြီးတွေးထားပေမဲ့တကယ်တမ်းတူတူမရှိလိုက်ရတာကြောင့်ရိပေါ်ဝမ်းနည်းပြီးကျောင်းကပြန်လာလာခြင်းအခန်းထဲပဲအောင်းနေခဲ့သည်...
မားတို့ကလဲအလုပ်ကိစ္စအရေးကြီးလို့နယ်ဘက်သွားရတာမို့သူတစ်ယောက်နည်းအိမ်စောင့်ကျန်ခဲ့တယ်...

"ရိပေါ်..ရိပေါ်ရေတံခါးလာဖွင့်..."

"ဟင်...ကိုကိုဘာလာလုပ်တာလဲ..."

"ဟောဗျာမင်းနေမကောင်းဘူးဆိုလို့လာကြည့်တာလေ...ဘာလဲလာလို့မရဘူးလား..."

"မဟုတ်ပါဘူးလာကိုကို...မားတို့တော့မရှိဘူးနယ်ဘက်သွားတယ်..."

"အော်..လာလေချစ်ဝင်ခဲ့..."

ရှောင်ကျန့်တစ်ယောက်တည်းလာတယ်အထင်နဲ့ရိပေါ်ခေါ်လိုက်ပေမဲ့နောက်မှာပါလာတဲ့ကျောင်းကစီနီယာအမတစ်ယောက်ကြောင့်ကြောင်တောင်တောင်လာရပ်ကြည့်နေမိတယ်...ကိုကိုကသူနေမကောင်းလို့လာကြည့်တာတောင်ကောင်မလေးခေါ်လာတယ်...မဖစ်နိုင်လောက်ဘူးထင်ပေမဲ့ကိုကိုကဒီအမကိုတခြားတွဲခဲ့တဲ့ရည်းစားတွေထက်ပိုအရေးပေးနေသလိုပဲ....

"အစာအိမ်အောင့်တာဆိုအစားကိုပုံမှန်စားနော်ရိပေါ်..."

"ဟုတ်ကဲ့.."

"အော်မိတ်ဆက်ပေးမယ်ဒါကကိုကို့ကောင်မလေး..ချစ်ဒါကကိုပြောနေကျကို့ညီလေးဆိုတာလေဝမ်ရိပေါ်တဲ့.."

ညီလေးတဲ့လားကိုကိုရယ်....

"ဟုတ်တွေ့ရတာဝမ်းသာပါတယ်အမ.."

"အင်း..တို့လဲဝမ်းသာပါတယ်ရိပေါ်...ကိုဒီမာနေခဲ့ဦးမှာမလား..သွားစရာရှိလို့ပြန်နှင့်မယ်နော်..."

"အင်းဂရုစိုက်သွာ.."

ကောင်မလေးကိုအိမ်ရှေ့ထိလိုက်ပို့ပြီးရှောင်ကျန့်အိမ်ထဲပြန်ဝင်လာ​တော့ဆိုဖာပေါ်မှာခေါင်းငုံးပြီးငြိမ်ကုပ်နေတဲ့ရိပေါ်ကိုတွေ့လိုက်တယ်....

ကိုကို့ရဲ့ဝမ်(short story)Where stories live. Discover now