ကိုကို့ရဲ့ဝမ်..5

2.4K 150 0
                                    

"CEOခဏနေတွေ့ဖို့ချိန်းထားတာသွားရတော့မယ်နော်..."

"ကိုကိုလို့ခေါ်လေ.."

"အလုပ်မှာကို..."

"ဘယ်သူ့ကိုကြောက်ရမှာလဲ...သွားဖို့ပြင်လိုက်တော့..."

ရိပေါ်ရှောင်ကျန့်ကိုမျက်စောင့်ထိုးရင်းသာဖိုင်တွေကောက်ထည့်ပြီးရုံးခန်းအပြင်ထွက်လိုက်တော့တယ်....

"အထဲမှာဧည့်သည်ရောက်နေပြီပြောပါတယ်ဝင်သွားလိုက်ပါ..."

"လိုက်ခဲ့လေ...ဘယ်မာနေခဲ့ဖို့စဥ်းစားနေတာလဲ.."

ရိပေါ်အထဲရောက်တာနဲ့မထင်မှတ်ထားတဲ့လူကိုတွေ့လိုက်ရတယ်အဲ့တာကတော့ကိုကို့ရည်းစားဟောင်း...

"ကို..နေကောင်းတယ်နော်.."

"တေွ့ရမယ်ဆိုတာမင်းလား.."

"အင်းလေစကားလေးဘာလေးအေးဆေးပြောရအောင်အတွင်းရေးမှူးကိုအပြင်လွှတ်လိုက်ပါလား..."

"အော်ဟုတ်တာပေါ့..ရိပေါ်အပြင်မှာစောင့်နေနော်ကိုကိုစကားပြောလိုက်ဦးမယ်..."

"အဲ့တာဟိုကလေးလားသူတောင်တော်တော်ချောလာတယ်နော်..."

ရိပေါ်ခုံလေးဆွဲပြီးထိုင်မလို့လုပ်ရုံရှိသေးရှောင်ကျန့်ကအခန်းပြင်ကိုထွက်သွားခိုင်းတာကြောင့်ဘာမှမပြောတော့ပဲအေးဆေးသာထွက်လာလိုက်တယ်..ကိုကို့အတွက်ကျနော်ဟာဘယ်တုန်းကမှအရေးမပါခဲ့ပါဘူး...

သီးသန့်ခန်းရဲ့အရှေ့မှာမတ်တပ်ရပ်စောင့်ပေးရင်းရိပေါ်ဗိုက်အောင့်လာတယ်ရှောင်ကျန့်ပြင်တဲ့မနက်စာကအရသာမရှိတာကြောင့်သူနဲနဲပဲစားခဲ့တာမို့ခုထမင်းစားချိန်ရောက်တော့ဗိုက်ကအောင့်လာသည်...မခံနိုင်​တေ့တဲ့အဆုံးရှောင်ကျန့်ကိုပြောဖို့အခန်းတံခါးခေါက်ပြီးတန်းဝင်လာလိုက်တယ်...

"ရိပေါ်ဘာလို့လဲ..အဲ့လိုကြီးဝင်မလာနဲ့လေပြန်ပြောတာစောင့်ဦးမှပေါ့...."

မျက်နှာချင်းဆိုင်ထိုင်နေတဲ့၂ယောက်ကအခုပူးကပ်နေဦးကျနော်ဝင်လာမှထိုမိန်းမကပုံပျက်နေတဲ့အင်္ကျီကိုအတင်းဆွဲချနေသည်...

ကိုကို့ရဲ့ဝမ်(short story)Where stories live. Discover now