"Morneeရိပေါ်..ဒီနေ့စောတယ်နော်.."
"Morneeစီနီယာ..ကျနော်မနေ့ကရုံးစောစောဆင်းလိုက်လို့လေ..."
"အကုန်လုံးခဏနေmeetingရှိတယ်နော်..CEOကတရုတ်ကိုပြန်လာပြီဒီမှာပဲရုံးထိုင်တော့မယ်ပြောတယ်..."
လက်လွှဲနဲ့ထားထားတဲ့သူတိူ့ကုမ္ပဏီကို ကိုယ်တိုင်လာအုပ်ချုပ်မာဆိုတော့ဝန်ထမ်းတွေလှုပ်လှုပ်ရွရွဖစ်ကုန်ကြတယ်...
"ရိပေါ်မနက်စာစားပြီးပြီလား..."
မန်နေဂျာကရိပေါ်ပုခုံးကိုလှမ်းဖက်ရင်းမေးလာတယ်...ဝန်ထမ်းတချို့ကမန်နေဂျာကိုနှာခေါင်းရှုံ့ပြီးကြည့်ကြတယ်....
"ဟုတ်ကဲ့စားပြီးပါပြီ...အမ ကျနော့်ကိုဒီစာရင်းလေးတချက်လောက်ကြည့်ပေးပါဦး..."
ရိပေါ်လဲရှောင်ထွက်ချင်ဇောနဲ့နီးစပ်ရာလူကိုအကူအညီတောင်းပြီးရှောင်လိုက်တော့တယ်....
အစည်းဝေးခန်းထဲ15 minလောက်ထိုင်စောင့်နေပေမဲ့CEOဆိုသူကမလာသေးတာကြောင့်အကုန်လုံးစကားပြောနေကြတုန်းတံခါးပွင့်လာပြီးလူတစ်ယောက်ဝင်လာတယ်...ရိပေါ်သေချာမော့မကြည့်ပဲတခြားသူတေနဲ့ရောပြီးခေါင်းငုံ့ကာနှုတ်ဆက်လိုက်တယ်...
"Sorryပါကျနော်အောက်မှာဝန်ထမ်းတွေကိုသဘောမကျတာတွေတွေ့လိုနဲနဲပြောနေတာနောက်ကျသွားတယ်...ကျနော့်နာမည်ရှောင်းရှောင်ကျန့်ပါ..."
"ဟင်...."
ရိပေါ့်ဆီမှတိုးတိတ်သောအသံတခုနဲ့အတူထိုလူကိုခေါင်းမော့ကြည့်လိုက်မိတယ်...
ဘုရားရေကိုကို...
ရှောင်ကျန့်စကားပြောနေရင်းသူ့ကိုသေချာကြည့်နေတဲ့တယောက်ကိုကြည့်လိုက်တော့မထင်မှတ်ထားစွာပဲရိပေါ်ဖြစ်နေတယ်...သူနဲ့အကြည့်ချင်းဆုံတာနဲ့ရိပေါ်မျက်နာလွှဲချလိုက်သည်....
လက်နှစ်ဖက်ကိုဆုပ်ကိုင်ရင်းအံကိုကြိတ်ထားလိုက်တယ်...ဒီလောက်နှစ်တွေကြာတာတောင်သူ့ကိုမမေ့နိုင်သေးဘူး...
အစည်းဝေးပြီးတာနဲ့ရိပေါ်အမြန်ဆုံးအခန်းထဲကပြေးထွက်လာခဲ့တယ်....အပေါ်ဆုံးထပ်ကိုတက်ပြီးအသက်ကိုမနဲလာရှူနေလိုက်သည်...လူကြီးပိုဆန်လာတဲ့ကိုကို့ရဲ့ပုံစံကိုကအေတာ်ဆွဲဆောင်မှုရှိတယ်ဒါပေမဲ့ရိပေါ်ကတော့ရှေ့ဆက်တိုးဖို့ကိုစိတ်ကူးမရှိခဲ့တော့ဘူးသူ့အတွေးထဲမှာမေ့ဖျောက်ဖို့သာရှိတော့တယ်...
"ရိပေါ်..CEOခေါ်နေတယ်..."
အလုပ်လုပ်နေရင်းရှောင်ကျန့်ဆီကခေါ်တယ်လို့ပြောတာကြောင့်ရိပေါ်သက်ပြင်းရှည်တချက်ချပြီးရုံးခန်းတံခါးကိုဖွင့်ဝင်သွားလိုက်တယ်...သူ့ကိုမြင်တော့ရှောင်ကျန့်ကထိုင်နေကာကထပြီးဖက်ဖို့ပြင်တယ်...
"ရိပေါ်..."
ရိပေါ်နောက်ကိုအမြန်ဆုတ်ပြီးရှောင်တိမ်းလိုက်တယ်....
"ဘာကိစ္စရှိလို့လဲCEO..."
"ရိပေါ်..ကိုကိုလေမမှတ်မိဘူးလား..."
"ကိစ္စမရှိရင်ခွင့်ပြုပါဦး..."
အတင်းထွက်ဖို့လုပ်နေတဲ့ကောင်လေးကိုရှောင်ကျန့်လက်ကနေဆွဲထားရင်းဆိုဖာပေါ်ထိုင်စေလိုက်တယ်ရုံးနေတဲ့ကောင်လေးကအားတွေသန်လာလိုက်တာ....
"ကိုကို့ကိုစိတ်ဆိုးနေတာလား..."
"ကျနော်စိတ်ဆိုးစရာမရှိပါဘူးCEO...ကျနော်အဆင်ပြေနေပါပြီ..ကျနော်...ကျနော်အဆင်ပြေပါတယ်..."
ရိပေါ်ပြောနေရင်းမျက်ရည်ကဝဲလာသည်...ရှောင်ကျန့်ကိုတွေ့ရင်သူ့အခက်အခဲတွေကိုပြောပြီးငိုချချင်တဲ့စိတ်ကအရင်ထဲကဖြစ်နေကျမို့အခုလဲသူစိတ်ထဲတင်းကြပ်လာသည်....
"အန်တီတို့သတင်းကိုကြားတယ်...မင်းကိုဆက်သွယ်ပေမဲ့ဘယ်လိုမှဆက်သွယ်လို့မရဘူး..ကိုကို့သူငယ်ချင်းတွေကိုလဲမေးတယ်မင်းကကျောင်းပြောင်းသွားတယ်တဲ့..."
"မဆက်သွယ်လောက်တော့ဘူးထင်လို့ကျနော်phတွေအကုန်လဲလိုက်တာပါ...ဘာမှမသိချင်တော့လို့...အဲ့တာကြောင့်အခုလဲအရင်အကြောင်းတွေဘာမှလာမပြောပါနဲ့တော့...ကျနော်တို့မသိသလိုပဲနေကြရအောင်ပါ..."
"ကလေးရယ်..ကိုကို့ကိုမုန်းနေပြီလားကွာ...."
"ကျနော်အလုပ်ပြန်လုပ်တော့မယ်..."
လှစ်ခနဲနေအောင်ပြေးထွက်သွားတဲ့အရိပ်လေးကိုသူကြည့်နေရုံပဲတတ်နိုင်ခဲ့တယ်...သူ့ကိုကလေးကစိတ်နာသွားပြီလား....
YOU ARE READING
ကိုကို့ရဲ့ဝမ်(short story)
Short Storyအရင်ကအပြစ်တွေအတွက်လက်ရှိမှာကိုကိုကဝမ်ချေချေလေးကိုပိုချစ်ပေးမယ်....