10

5.1K 696 3
                                    

||Unicode ||

ကောင်းမှုနဲ့ မကောင်းမှု
တရားမှု နဲ့ မတရားမှုက အမြဲယှဉ်တွဲနေတက်သည်။

လွန်ခဲ့တဲ့ ၃ရက်က တောင်ကိုရီးယားရဲ့ တရားမ၀င်မှောင်ခိုလက်နက် အရောင်း၀ယ်လုပ်နေတဲ့ အဖွဲ့စည်း တစ်ခုကို အစိုးရက ဖမ်းစီးခဲ့သည်။

ဖြစ်ချင်တော့ ထိုအဖွဲ့စည်းကား JungKook နဲ့ သူ့ကို တိုက်ခိုက်ခဲ့တဲ့ မှောင်ခိုအဖွဲ့ပင်။

ကံကောင်းချင်တော့ JungKookလက်ထဲ မိပြီး
မသေသွားလိုက်ရပေမယ့် တရားဥပဒေရဲ့
ပြစ်ဒဏ်ကတော့ လွတ်ကင်းမည်မဟုတ်။

" တောက်ခ် "

ဒါ ဒီနေ့အတွက် JungKook၏ ၅ကြိမ်မြောက်
တောက်ခေါက်သံပင်။

ထိုအဖွဲ့ဖမ်းစီးခံရပြီး နေ့ကတည်းက
JungKookရဲ့ အရောင်း၀ယ်တွေတဖြည်းဖြည်းနဲ့
နည်းလာသလို မှောင်ခို အ၀င်အထွက်ကို
စစ်ဆေးရေး တင်းကြပ်လိုက်တာကြောင့် ပြည်ပအရောင်း၀ယ်တွေအတွက် တော်တော် အကြပ်ရိုက်နေရတဲ့ အဖြစ်။

" အကုန်ပြန်သယ်လာခဲ့ "

ဖုန်းချပြီးတော့ တွန့်ချိုးနေတဲ့ မျက်ခုံးတွေကို လက်နဲ့ဖိကာ ဆိုဖာပေါ်မှာ လျော့တိလျော့ရဲ ထိုင်နေတဲ့ JungKookက ဒီတိုင်းကြည့်ရုံနဲ့တင် ပင်ပန်းပြီး စိတ်ညစ်နေတာ သိသာလွန်းသည်။

JungKookအတွက်ပျားသံပရာတစ်ခွက်ဖျော်ဖို့ရာ မီးဖိုချောင်ထဲ ၀င်ခဲ့လိုက်သည်။
အနည်းဆုံးတော့ အာရုံလေး ကြည်သွားလို ကြည်သွားရုံပေါ့။

Yoongi က အိမ်မှာ နေခဲသည် ညအိပ်ချိန်
လောက်သာ အမြဲ ပြန်လာတက်သည်။
ပုံမှန်တောင် အပြင်မှာဘဲ အချိန်ကုန်နေတက်တက်သူက အခုလိုမျိုးအခြေနေကြောင့်
ပိုတောင် အိမ်မကပ်နိုင်တော့။

Jiminဆိုသည်မှာလည်း Yoongiမရှိတဲ့ အချိန်တွေဆို အခန်းအောင်းကာ တစ်နေကုန်
ဂိမ်းဆော့လိုက် Online classတွေနဲ့ ချာလည်ရိုက်နေတာ Yoongiရှိရင်တော့ Yoongiနားမှာ
ကပ်ကာ နှစ်ယောက်သား အမြဲရန်ဖြစ်နေတက်သည်။

" ရပြီ အရမ်းကြီး ချို
အရမ်းကြီး မချဉ်လောက်ပါဖူး "

ဇွန်းနဲ့ တစ်ချက််မြည်းကြည့်ကာ
အ‌နေ တော် အရသာလောက်ရပြီထင်တာနဲ့
ခွက်ကို ပန်းကန်ပြားလေးပေါ် တင်ကာ ဧည့်ခန်းဆီသို့။

𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||Where stories live. Discover now