3

6.3K 914 97
                                    

||Unicode||

" ထယ်ယောင်းရေ ငါလာတယ် "

" အော ! Jimin "

လူကို မြင်တာနဲ့ ချက်ချင်း ကိုင်ထားသော
ပန်းတွေကို ချကာ ရင်ခွင်ထဲ ပြေး၀င်လာတဲ့ ထယ်ယောင်း။

" Aigoo ငါ့ ချင်းဂူးလေးက ဖက်ရတာ တစ်နေတာဘဲ "

" ဘာ ! Jimin အဲ့တာ ထယ့်ကို ၀တယ်ပြောတာမလား "

ထယ်ယောင်းက သူ့ကို ၀လာတယ်တို့ ဖောင်းကားလာတာဘဲတို့ ဆိုတာမျိုးတွေ ပြောရင် တစက် မှ မကြိုက် မျက်စောင်းက အရင် ဒိုင်းခနဲ ရောက်လာပြီသာ။

အဲ့လိုလေးတွေက မြင်ရတာ ချစ်ဖို့ကောင်းတာ
မို့ ခဏခဏ စနေရခြင်းပေ။

" Jungkook ! ထမင်းစားပီးပီလား "

နှစ်ယောက်သား စကားပြောမလို့ ရှိသေး
အပေါ်ထပ်ကနေ ဆင်းလာတဲ့ လူတစ်ယောက်။

ထယ်ယောင်းကလည်း ထို Jungkookဆိုတဲ့သူ
ဆင်းလာတာမြင်တာနဲ့ ချက်ချင်း ပြေးသွားကာ
ဂရုစိုက်နေသည်။

* အဲ့ကောင်က ဘာလား *

" ထယ်ယောင်း သူက ဘယ်သူလဲ "

ဆူပုတ်ပုတ်နဲ့ မေးလာတဲ့ Jiminကြောင့်
ရီချင်စိတ်ကို ခဏထိန်းထားရသေးသည်။

" အော ...သူက ဒီတိုင်း အသိ .."

" အသိ ?"

" အွန်း မတော်တဆ နည်းနည်းဖြစ်ထားလို့ "

" ဘယ်လိုမတော်တဆ "

" လျှာရှည်လိုက်တာ jimin ရာ "

မေးခွန်‌းတွေ တရစပ်လာတော့မယ့် Jimin ကြောင့် စိတ်ကမရှည်ချင်တော့။

Jungkookကို ကြည့်လိုက်တော့လည်း
မျက်နှာကို မှုန်သုန်နေသည် မျက် မှောင်ကြီးကလည်း ကုပ်ထားသေး။

Jungkookရဲ့ ဒီလိုပုံစံကို တစ်ခါမှ မမြင်ဖူးသေး။

* မဟုတ်မှ လွဲရော jiminကို အမြင်ကပ်ပြီး သေနတ်နဲ့ ပစ်လိုက်ရင် !*

(AN - အတွေးလွန်နေသော ကင်မ်ထယ်🤣)

" Jimin မဖြစ်ဖူး ပြန်တော့ "

" ဘာလို့လဲ အခုမှ ရောက်တာလေကွာ "

" နောက်နေ့မှ အပြင်မှာ တွေ့မယ်နော် နော်လို့ "

𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||Where stories live. Discover now