17.6K 1.2K 83
                                    

||Unicode||

" နောက်နေ့လည်း ထပ်လာခဲ့ပါဦး "

Seoulမြို့ရဲ့ တစ်နေရာက အရောင်‌ေသွးစုံနေတဲ့
ပန်းဆိုင်လေးက လူအများစည်ကားရာ မဟုတ်ပေမယ့် ပုံမှန် ၀ယ်သူလေးတွေနဲ့ အ၀င်ထွက် ရှိနေသည်။

မနက်ခင်း နေရောင်နဲ့အတူ ဆိုင်အပြင်က
နှင်းဆီပန်းရောင်လေးတွေက တလဲ့လဲ့။

ပြီးတော့ ထိုပန်းတွေနဲ့အပြိုင် အရောင်သွေးစုံ
လှပတဲ့ ကောင်လေး။

ပန်းနုရောင် ပါးပြင်လေး နဲ့ အညိုရောင် မျက်၀န်း
တွေကို ပိုင်ဆိုင်ထားတဲ့ ထိုကောင်လေး။

အခုချိန်မှာ သူ့အတွက် တန်ဖိုးထားစရာ
လူသားအဖြစ် တည်ရှိနေတဲ့ ကောင်လေး ။

နှင်းတွေ တဖွေးဖွေးကျနေတဲ့ ဒီဇင်ဘာမှာ
ထိုကောင်လေးနဲ့ ပထမဆုံးတွေ့ဆုံမှု စတင်ခဲ့သည်။

- လွန်ခဲ့သော 2နှစ် ဒီဇင်ဘာ -

" ဘယ်ရောက်သွားပြီလဲ "

" ဒဏ်ရာနဲ့မို့ ဝေးဝေး သွားနိုင်မှာ မဟုတ်ဖူး
ဟေ့ကောင်တွေ ရှာစမ်း "

နှင်းတွေ တဖွေးဖွေးကျနေတဲ့ လမ်းပေါ်မှာ
လက်နက်ကိုင် လူတစ်စုက တစ်စုံတစ်ယောက်ကို
အသည်းသန် ရှာဖွေနေဟန်။

" Sh*t "

၀မ်းဗိုက်နားကနေ တစိမ့်စိမ့် ထွက်နေတဲ့
သွေးတွေက အတောမသတ်နိုင်။

ဂျောင်ကျတဲ့ လမ်းကြားတစ်ခုမှာ ၀မ်းဗိုက်က
ဒဏ်ရာကို ဖိကာ ဇောချွေးပြန်နေသူ။

အချိန်က သန်းခေါင်ရောက်ခါနီးနေပြီမို့
လမ်းပေါ်မှာ လူသိပ်မရှိတော့တဲ့အပြင် ဆိုင်အများစုကလည်း ပိတ်နေပြီ။

သူ့နောက်လိုက်နေတဲ့ လူတစ်စုကို ရှောင်ပုန်းဖို့
ရာ နေရာက ရှာရခက်နေတာအမှန်။

ဒဏ်ရာက သွေးထွက် များနေတာမို့ ခေါင်းတွေလည်း မူးဝေကာ အမြင်တွေလည်း မသဲကွဲတော့။

" မဖြစ်ဖူး နေရာရှာရမယ် "

ထိုင်နေရာက အားယူထကာ
လမ်းကြားထဲကနေ ထွက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။

𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||Where stories live. Discover now