4

6.2K 932 113
                                    

||Unicode||

ဒီနေ့ ဆိုင်ဖွင့်ဖို့ လုပ်ထားပေမယ့်
အပြင်မှာ နှင်းတွေ အရမ်းကျနေတာ မို့ မဖွင့်ဘဲ
နေနေရသည်။

Jungkookကတော့ အပေါ်ထပ်မှာဘဲ ‌ရှိနေသည်။

ဆိုင်လည်း ဖွင့်ဖြစ်ဖို့ မလွယ်တာမို့ ဆိုင်ထဲမှာ
ဘဲ ပန်းစည်းလေးတွေ ထိုင်ပြင်နေချိန်။

* ချွှင် ~~

တံခါးဖွင့်သံ ကြားလိုက်တာမို့

" ဒီနေ့ ဆိုင်ပိတ်..."

" Bunny ဘယ်မှာလဲ "

အနက်ရောင် ၀တ်စုံအပြည့်၀တ်ထားတဲ့
လူ ၃ယောက်။

သူတို့လက်ထဲမှာလည်း သေနတ်တွေနဲ့။

အဲ့ထဲက တစ်ယောက်က သေနတ်ကို
ထယ်ယောင်း နှဖူးပေါ်ထောက်ကာ

" မေးနေတယ်လေ Bunnyဘယ်မှာလဲ လို့ "

" ခင်များတို့ ဘာတွေလာမေးနေတာလဲ "

* ဒိုင်း...

ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ သေနတ်သံနဲ့အတူ မျက်နှာပေါ်ကျလာတဲ့ သွေးတွေ....

" ထယ် ငုံ့နေ "

Jungkook အော်သံကြားပြီးတဲ့အခါ
နားကို လက်နှစ်ဖက် နဲ့ အုပ်ကိုင်ကာ ကောင်တာ
အောက် ၀င်ငုံ့နေမိသည်။

ကျယ်လောင်တဲ့ ကျည်စံသံတွေနဲ့ ပန်းအိုးကွဲတဲ့ အသံတွေက ဆူညံနေပြီး.......ခဏအကြာ အရာအားလုံးကတိတ်ဆိတ်သွားခဲ့သည်။

" ထယ် "

" Jungkook "

ကောင်တာ အောက််မှာ ပုန်းနေတဲ့ ထယ်က
သူ့ခေါ်သံကြားတဲ့အခါ ရင်ခွင်ထဲ
ပြေး၀င်လာသည်။

မျက်ရည်တွေ ကျကာ ကြောက်လို့ တုန်ရီနေတဲ့
ကိုယ်လုံးလေးကို တင်းနေအောင်
ပြန်လည် ပွေ့ဖက်ထားမိသည်။

ဘယ်ကနေ ဘယ်လို ခြေရာခံမိလာလဲ
မသိတဲ့ ကောင်တွေက ရုတ်တရပ်ရောက်လာခဲ့ပြီး
သူ့ကို ဒီလိုအခြေနေ ဖြစ်အောင် ဖန်တီးပစ်လိုက်လားထင်ရသည်။

" ထယ် ...."

" Jungkook....ဟို ဟိုလူတွေ "

မျက်ရည်တွေနဲ့ ပြည့်နေတဲ့ မျက်၀န်းတွေက
သူ့ကို နာကျင်စေသယောင်။

𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||Where stories live. Discover now