11 [ Final ]

8K 881 35
                                    

||Unicode||

" နောက်နေ့လည်း ထပ်လာခဲ့ပါဦး "

Seoulမြို့ရဲ့ တစ်နေရာက အရောင်‌ေသွးစုံနေတဲ့
ပန်းဆိုင်လေးက လူအများစည်ကားရာ မဟုတ်ပေမယ့် ပုံမှန် ၀ယ်သူလေးတွေနဲ့ အ၀င်ထွက် ရှိနေသည်။

မနက်ခင်း နေရောင်နဲ့အတူ " Scenery" ပန်းဆိုင်‌ေလး အပြင်က နှင်းဆီပန်းရောင်တွေက
တလဲ့လဲ့။

ပြီးတော့ ထိုပန်းတွေနဲ့အပြိုင် အရောင်သွေးစုံ
လှပတဲ့ ကောင်လေး။

ပန်းနုရောင် ပါးပြင်လေး နဲ့ အညိုရောင် မျက်၀န်း
တွေကို ပိုင်ဆိုင်ထားတဲ့ ထိုကောင်လေး။

အခုချိန်မှာ သူ့အတွက် တန်ဖိုးထားစရာ
လူသားအဖြစ် တည်ရှိနေတဲ့ ကောင်လေး ။

" JungKook လာပြီလား ဒီနေ့ ကားယူမလာဖူးလား အရမ်းအေးတာကို  "

လက်ဖဝါးပြင်နွေးနွေးက သူ့လက်တွေကို
ဆုပ်ကိုင်ထားသည်။

သဘောအကျဆုံး ခါးသေးသေးလေးကို
ဆွဲဖက်ကာ ကိုယ်နှစ်ခုကို ပူးကပ်ပြီး
နားရွက်တွေဆီ နှာဖျားနဲ့ ကလူကျီဆယ်တော့
ရီသံရေးရေးလေးတွေ ထွက်ပေါ်လာသည်။

" ဧည့်သည် လာနေပြီ ဖယ်.. ခဏနေ ဆိုင်ပိတ်ပြီးရင် ပြန်ရအောင် "

" ဟုတ်ကဲ့ပါဗျာ "

သွားတန်းညီညီလေးတွေပေါ်အောင်
ပြုံးကာ ပန်းစည်းတွေ တစ်ခုပြီး တစ်ခုကိုင်ပြကာ
ဈေး၀ယ်သူအလိုကျ စကားတွေပြောပေးနေတဲ့
ထယ်ယောင်းကို ကြည့်ကာ ကိုယ်တိုင်လည်းအလိုလိုပြုံးမိသည်။

တဖြည်းဖြည်းနဲ့ ညနေစောင်းလာတော့
ဆိုင်ကို အတူတူပိတ်ကာ နှစ်ယောက်လက်တွဲကာ
နှင်းတွေဖုံးနေတဲ့ လမ်းမကြီးထက်ကနေ လမ်းလျှောက်၍ပင် အိမ်ပြန်လာခဲ့သည်။

လက်ချင်းတွဲ တစ်ယောက််မျက်နှာ တစ်ယောက်ကြည့်ကာ  အပြုံးတွေနဲ့ လျှောက်နေတဲ့
သူတို့ကို လမ်းသွားလမ်းလာတွေကတောင်
သဘောကျ အားကျနေကြတာ အမှန်။

စကားတွေနဲ့မပြောတောင် အကြည့် တွေကနေ
ထိုလူသားနှစ်ယောက် ရဲ့ အချစ်တွေကို
ပုံဖော်လို့ရနေသည်။

𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||Where stories live. Discover now